Yoongiတယောက်ဆေးရုံကိုပုံမှန်အတိုင်းသွားဖို့ပြင်နေမိသည်။Taegiလေးကိုလက်တစ်ဖက်ကချီလျက်နို့ဘူးနှင့်အနှိီးအချို့
ကိုပါယူလိုက်လေသည်။ဆေးရုံသို့လျင်မြန်စွာဝင်လာလိုက်သည်။ဆေးရုံတံခါးကိုဖွင့်လိုက်သည်နှင့်"Happy....Birthday Yoongi"
လူစုံတကစူုနဲ့မိုYoongiအလွန်ပျော်သွားသည်။ကိုကိုကိုတော့ရှိစေချင်သည်။သတိရတဲ့စိတ်ကြောင့်လူနာကုတင်ကိုလှည့်ကြည့်တော့ငြိမ်ငြိမ်လေးလှဲနေရတဲ့ကိုကိုကြောင့်စိတ်မကောင်းဖြစ်မိပြန်သည်။
"အား...ကျေးဇူးတင်ပါတယ်။မေ့တောင်နေတာ။ညနေကျအားလုံးကိုမုန့်ဝယ်ကျွေးမယ်။"
"မင်းမှာပိုက်ဆံရှိလို့လား။"
Jiminကခပ်စစပြုံးရင်းနောက်လိုက်သည်။
"ရှိပါတယ်။Jiminရယ်။ကိုကို့ပိုက်ဆံအိတ်မနက်ကအခန်းထဲမှာတွေ့တယ်။ကို့ကို့ပိုက်ဆံတွေနဲ့အများကြီးဝယ်ကျွေးမယ်...ဟိဟိ"
Namjoonကလည်းပြုံးလိုက်ပြီးတော့မှYoongiဘက်လှည့်ကာ
"Yoongi....မင်းကိုငါတို့အားလုံးစုပြီးလက်ဆောင်တစ်ခုပေးမယ်။"
"အာမလိုပါဘူး။မယူချင်ဘူး။"
Yoongiအားနာစွာငြင်းမိသည်။
"မယူချင်တာသေချာလားYoonie။ကိုယ့်ပိုက်ဆံကိုကျယူသုံးမယ်ပေါ့။"
"ကိုကို....."
ကုတင်ပေါ်မှာထိုင်လျက်Taehyungကိုတွေ့တော့အံသြမှင်သက်စွာမျက်လုံးပြူးပြီးသူ့ကိုကြည့်နေတယ်ဆိုတာTaehyungမြင်ဖြစ်အောင်မြင်လိုက်ပါသည်။
"ကိုကိုဆီလာပါဦး။ကလေးက...ကို့ကို့ကလေးလား။မေးတာဖြေပါဦး"
YoongiTaehyungကိုပြေးဖက်မိသည်။Taehyungကိုဖက်ထားရင်း
"ကိုကို....အရမ်းဆိုးတယ်သိရဲ့လား။Yoonieကိုချစ်ရင်ဒီထက်စောစောပြန်လာရမှာပေါ့။အကြာကြီးစောင့်ရအောင်လုပ်တယ်။
အီးဟီးးးးလူဆိုးကြီးစိတ်တိုလိုက်တာ"Taehyungမျက်ရည်တွေကတော့တာကျိုးသလိုပင်။
"ကိုကိုပြန်လာပြီလေ။ကိုကိုဒီလိုကိုကိုလို့ခေါ်တာလေးပြန်ကြားချင်ခဲ့တာ။တစ်နှစ်တောင်စောင့်နေခဲ့တာ။ကိုကိုမှားပါတယ်။နောက်ဆိုမျက်ရည်မကျစေရဘူး။"