Ep(2)

655 40 4
                                    

ပြတင်းပေါက်မှန်မှတစ်ဆင့်ထိုးဖေါက်ဝင်ရောက်လာတဲ့နေ
ရောင်ခြည်ကြောင့် မျက်ခွံတို့ကလေးလံစွာပွင့်လာသည်။
ကျွန်မ အတွက်တော့ ပြာလဲ့နေတဲ့ ပင်လယ် နှင့် အတူ
ရေလှိုင်း များ၏ စီးချက်ညီညီ ရိုက်ခက်သံများကိုနားဆင်ရင်း
နိုးထရတာကိုအတော်လေးနှစ်သက်ပါတယ်။
မြို့လယ်က ခြံကျယ်ကြီး မှာသွားနေဖို့ Chae Young
ကတိုက်တွန်းသော်လဲ သဘာဝရဲ့အလှတရားနှင့် အတူ
ပင်လယ်ကြီးကို ချစ်ခင်တဲ့ ကျွန်မကဒီ အိမ်ငယ်လေးမှာပဲ
နေဖြစ်ခဲ့တယ်။

ပြန့်လွင့်နေတဲ့အတွေးစတို့ကိုရပ်တောက်လိုက်ပြီး
အိပ်ရာမှထကာ ဆောင်ခေါက်ပြီး ရေချိုးခန်းထဲဝင်ကာ
ကိုယ်လက်သန့်စင်လိုက်သည်။ထို့နောက် မနက်စာ
ချက်ပြုတ်ရန် အောက်ထပ်မှာရှိသော မီးဖိုခန်းသို့ဆင်းလာလိုပ်သည်။

ခါတိုင်းမနက်စာကို ဆိုင်မှာ ဖြစ်သလိုစားသော်လဲ သူတော်
ကောင်း ကြီး Park Chae Young ရောက်လာတော့
တရားဟောအုံးမည် ဆိုးတာကြောင့် ထချက်ပြုတ်ရချင်းပင်။

ခနကြာသော် ချက်ပြုတ်ပြီး စာပွဲပေါ် ဟင်းအရံ 4 မျိုးလောက်နှင့်အတူ ထမင်းနှစ်ပန်းကန်ကို ချထလိုက်သည်။

လှေကားပေါ်တွင်ခြေသံကြားတာကြောင့် Chae Young
နိုး၍ဆင်းလာပြီဆိုတာသိလိုက်ရသည်။

" Wow! ဒါတွေအကုန်နင်ချက်ထားတာလား"

" ဒါပေါ့ ငါမချက်လို့ဘယ်သူနင့်ကိုချက်ကျွေးမှာလဲ"

" Hehe ဒါဆိုငါစားတော့မယ် နင်ရောလာစား"

" Omm"

ထမင်းစားပွဲဝိုင်းတွင်မျက်နှာချင်းဆိုင်ထိုင်စားနေသော်လဲ
စကားမပြောဖြစ်ခဲ့ကျ။ တိတ်ဆိတ်မှုကို Chae Young
မှ အရင်ဖြိုခွင်းလိုက်သည်။

" ပြီးရင်နင်ဘယ်သွားမှာလဲ"

အစားငုံစားနေသောသူမကမော့ကြည့်လာပြီး ရေကိုတစ်ငုံသောက်ကာ

" ငါကသွားစရာမရှိပါဘူး ညနေကျမှ ကမ်းခြေဘက်သွားမယ်"

" ငါနဲ့လိုက်ခဲ့ပါလား"

"ဘယ်လဲ"

" ငါ့ မာမီဆီ"

" Omm ကောင်းတာပေါ့ ommnyi ကိုတောင်မတွေ့ရတာကြာပြီ"

❤𝐈 𝐃𝐨𝐥𝐞 𝐘𝐨𝐮❤🥀Where stories live. Discover now