ဘာလိုလိုနှင့် နှစ်လဆိုသောအချိန်ကာလတစ်ခုကိုဖြတ်ကျော်
လာခဲ့ပြီ။ ကျွန်မအတွက် လွပ်လပ်ခွင့်ရသည့်အချိန်ဟာ 3 လ
သာကျန်တော့သည်။♂️🥀
" ငါတို့လမ်းခွဲရအောင်"
မနည်းအားယူကာပြောလိုက်ရခြင်းဖြစ်သည်။
ကျွန်မတို့တွဲလာတဲ့တစ်လျောက် သူပွေရှုပ်ခဲ့တယ်
ကျွန်မသည်းခံခဲ့တယ် ။ သူ ကျွန်မကိုစိတ်မရှည်ခဲ့ဘူး
ကျွန်မနားလည်ပေးခဲ့တယ်။ သူ့အချစ်တွေကအသက်မဲ့နေ
ခဲ့တယ် ကျွန်မသိနေပေမဲ့ မသိချင်ယောင်ဆောင်ကာ မျက်
ကွယ်ပြုခဲ့တယ်။ ဒါတွေအားလုံးက အဲ့ဒီ Kim EhLi ဆိုတဲ့အမျိုးသမီးကိုချစ်လို့ဆိုတဲ့စကားလုံးကြောင့်သာ...
ယခုလို Hotel မှာလက်ပူးလက်ကြပ်မိတာကတော့
သည်းခံနိုင်တဲ့အတိုင်းအတာကိုကျော်လွန်းသွားပြီ ။
ကျွန်မမှာဆက်ချစ်ဖို့ အင်အားတွေကုန်ခန်းသွားပြီ။(စကားမစပ် Kim EhLi ဆိုတာ ဒို့နာမည်🌚)
"ကိုယ်တောင်းပန်ပါတယ် Jen "
EhLi ကပြောလိုက်သည်။
"အခုကစပြီး ကျွန်မတို့ ပတ်သတ်စရာအကြောင်းမရှိတော့ဘူး သွားတော့မယ်"
Jen ကျောပေးကာထွက်လာလိုက်သည်။ ထွက်ကျလုနီးပါး
မျက်ရည်စတို့ကိုလဲ ထိန်းချုပ်ထားသည်မို့ အောက်နှုတ်ခမ်း
ကိုသာပြတ်လုနီးပါးကိုက်ထားမိသည်။ လှဲကျချင်နေသော
ခန္တာကိုယ်ကိုထိန်းပြီး ကားအထိအားတင်းကာ ဆက်လျောက်
လာလိုက်သည်။ ကားထဲရောက်မှ ထိန်းချုပ်ထားသော
မျက်ရည်စတို့ကို လွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်သည်။လက်ကကားစီယာတိုင်ကိုထုရင်း
" Wae?? ဘာလို့ ဘာလို့ အမြဲနာကျင်ရတာငါပဲလဲ "
မျက်ရည်းများနှင့်အတူ အဖြေမရှိသောမေးခွန်းကို အော်ဟစ်မေးနေမိသည်။
အောင့်သက်နေသော ရင်ဘတ်ကိုဖိ၍ ပါးပြင်ပေါ်က
မျက်ရည်စတို့ကို ကြမ်းတမ်းစွာသုပ်လိုက်ပြီး
ကားကိုမောင်းထွက်လာလိုက်သည်။
ဦးတည်ရာက ဟန်မြစ်စီသို့။
စိတ်အပန်းဖြေဖို့ရာအကောင်းဆုံးက ဟန်မြစ်ပဲမဟုတ်လား။
YOU ARE READING
❤𝐈 𝐃𝐨𝐥𝐞 𝐘𝐨𝐮❤🥀
Romanceရှင့်အတွက် ကျွန်မကဘယ်လိုဖြစ်တည်မှုမျိုးလဲ...?? Lalisa အဖြေကရိုးရှင်းပါတယ် မင်းက ဒို့အတွက် မခူးရက်နိုင်သော လီလီ ပန်းကလေး..🥀 Jennie Kim