Ep(6)

354 40 1
                                    

အချိန်တွေကုန်လာတာနဲ့အတူ ဘာမှန်းမသိတဲ့အခြေအနေ
တစ်ခုမှာ တစ်စုံတစ်ယောက်ကတော့ချစ်မိနေကြောင်း
သေချာခဲ့သည်။

"လီလီနဲ့ဒို့က ဘာတွေလဲ"

ပန်းရေလောင်းသော Lisa ဘေးမှကပ်လိုက်ကာမေးလိုက်
တော့ Lisa ကလှည့်ကြည့်လာသည်။

" ဒီတိုင်း...ဒီလိုလေးပဲဆက်နေလို့မရဘူးလား"

Jennie ကို ထိုသို့ပြောပြီး အခြားလှိုင်းက ပန်းတွေကို
ရေသွားလောင်းရန်ထွက်သွားလိုက်သည်။ တစ်ကယ်ကို
ရေခဲတုန်းကြီးပါလား ။

" လီလီရေ လမ်းလျောက်ထွက်ရအောင်"

" လာပြီ နီနီ"

ရွေရောင်ဆံနွယ်တို့ကို ကပိုကယိုစည်းထားသော သူမမှာ
တစ်မျိုးလှနေပြန်သည်။

နီနီ နှင့် လက်တွဲကာ ဆိုင်ငယ်လေးမှထွက်လာလိုက်သည်။

နီနီက ဘေးဘက်မှ Manobam အိမ်တော်ကိုကြည့်ရင်း
ပြောသည်။

"လီလီ ဒီ အိမ်ကြီးကအကြီးကြီးပဲနော်"

ကျွန်မကနီနီအပေါ်မလိမ်ခဲ့သလို ပွင့်လင်းသည်မို့
ပြောလိုက်သည်။

"အဲ့တာ ကျွန်မအိမ်လေ အဲ့မှာပဲညအိပ်တာ"

လီလီကသာ အေးအေးဆေးဆေးပြောသာ
ကျွန်မမှာမျက်လုံးပင်ပြူးသွားရသည်။
တစ်ကယ်ပါ လီလီ ကိုအဲ့လောက်ချမ်းသာမယ်မှန်း
မထင်ခဲ့တာ။

"တစ်ကယ် လီလီ တစ်ယောက်ထဲနေတာ အဲ့အိမ်ကြီးမှာ
မကြောက်ဘူးလား"

" ငယ်ငယ်တည်းကနေလာတာဆိုတော့ ကျင့်သားရနေပါပြီ
ပြီးတော့ Chae Young လဲရှိတယ်လေ"

"Chae Young ဆိုတာကိုခနခနကြားဖူး
ပေမဲ့ အခုလိုတူတူနေမယ်လို့တော့မထင်ထားဘူး"

တွဲထားသည့်လက်ကို ဖြုတ်၍ နီနီ တစ်ယောက်ရှေ့ကထွက်
သွားလေသည်။ တစ်ခါတစ်လေ နီနီ က ကျွန်မအပေါ်အရမ်း
ဆိုးသည်။ ကျွန်မကိုယ်တိုင်လဲ နီနီ ကျွန်မတစ်ယောက်ထဲ
်အပေါ် ထိုသို့ဆိုးတာကို နှစ်သက်ပြီး နီနီအပေါ်စိတ်ရှည်သည်

ယခုလဲ Chae Young က ကျွန်မ ငယ်ငယ်တည်းက
ခင်ခဲ့တဲ့ သူငယ်ချင်းဆိုတာကိုသိရက်နဲ့ ကောက်ပါပြီ။

❤𝐈 𝐃𝐨𝐥𝐞 𝐘𝐨𝐮❤🥀Where stories live. Discover now