PPC-Prologue

2.2K 117 0
                                    

🍁Unicode🍁

အကျဥ်း

လင်းကျင်းရွှမ်

နိုင်ငံတကာလျှို့ဝှက်ဆရာဝန်တစ်ယောက်
ပြီးတော့ လူသတ်သမားတစ်ယောက်။လက်တစ်ဖက်ကလူ့အသက်များစွာကိုကယ်တင်နိုင်ပြီးအခြားတစ်ဖက်က လူသတ်နိုင်သောကြောင့် လင်းကျင်းရွှမ်အားနိုင်ငံ့အစိုးဘက်မှလည်းကောင်း ဒုစရိုက်လောကရှိဂိုဏ်းများကပါ သူ့နာမည်တစ်ခုတည်းဖြင့်ပင်ဒူးတုန်အောင်ကြောက်ကြပေ၏။သူသည်မတော်တစ်ဆဖြစ်မှု၌ ဘာမှမရှိတော့သောလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲခံလိုက်ရပေသည်။သို့သော်လည်း နံရံအကာအကွယ်များကင်းမဲ့၍နေပါသောသူ၏အိမ်နှင့် ပေါက်စီကလေးများနှင့်တူလှသော ကလေးနှစ်ယောက်အား လင်းကျင်းရွှမ်ရရှိလိုက်ပါ၏။

"ဘာလိုကြောင့်များဘဝကနိမ့်လိုက်မြင့်လိုက်ဖြစ်နေရတာလဲ....?"

"ဒီဘဝကပိုပြီးစိတ်ပျက်စရာကောင်းတဲ့ဘဝများလား.....?"

လင်းကျင်းရွှမ်သည်သူ၏ဦးခေါင်းအား ကူရာမဲ့စွာဆုပ်ကိုင်နေရင်း တွေးလိုက်မိပါတော့၏။

ရန်ရှန်းယွီ

အထွေထွေရာထူးဖြင့်ချင်မင်းဆက်ရှိတစ်ဦးတည်းသောမင်းသားတစ်ပါးဖြစ်သည်။သူသည်တာဝန်တစ်ခုထမ်းဆောင်နေစဥ် မတော်တဆမှုတစ်ခုဖြစ်ကာ ရုတ်တရက် သူ၏လိင်ပိုင်းဆိုင်ရာနှစ်သက်တိမ်းညွှတ်မှုက ပြောင်းလဲသွားခဲ့လေသည်။တည်တံ့ခိုင်မာသောယောကျာ်းကောင်းတစ်ယောက်အဖြစ်မှ ကလိန်ကကျစ်ကျကာဉာဏ်ဆင်တတ်သောမိန်းမငယ်လေးတစ်ယောက်ကဲ့သို့ကူးပြောင်းသွားရခြင်းဖြစ်ပါ၏။ထို့ကြောင့်တော်ဝင်မျိုးနွယ်များအားလုံး ပူဆွေးသောကရောက်ကြရလေတော့သည်။သို့ပါသော်လည်း သူ၏မိဖုရားငယ်က ဆေးပညာအရာတွင်သာမကအဆိပ်ပညာအရာတွင်ပါကျွမ်းကျင်သောကြောင့်မည်သူကမျှမင်းသားအား'ဖြောင့်'စေရန်မလုပ်ဝံ့ကြပါပေ။

"ဘာ!!!ယွမ်သုံးဆယ်? အရမ်းစျေးကြီးလွန်းတယ်..မင်းဘာလို့သူတို့ဆီကိုအခုချက်ချင်းသွားမလုသေးတာလဲ...?"

တစ်နေ့တွင် လင်းကျင်းရွှမ်သည် ပေါက်စီကလေးများကို လိုအပ်တာများဝယ်ယူရန်စျေးသို့ခေါ်လာခဲ့ပေသည်။အနှီးငါးနှစ်အရွယ်ပေါက်စီကလေးများမှာ စျေးနှုန်းကိုကြားလိုက်သောအခါ မျက်နှာကလေးများရဲကာရှက်သွေးဖြာသွားပြီး သူတို့၏ဟောင်းနွမ်းနေသောပိုက်ဆံအိတ်ကလေးအားပြန်ဆွဲယူသွားတော့သည်။လင်းကျင်းရွှမ်၏ရင်အစုံမှာနက်နက်ရှိုင်းရှိုင်းပင်ဆို့နင့်သွားရသည်။သို့သော် မျက်ရည်များကတော့ကျမလာ။

Poisonous Peasant "Concubine"(PPC-MM Translation)Where stories live. Discover now