#Unicode Ver
"ကောင်လေး"
Canteen၌ထိုင်၍Banana Milk သောက်နေသောကျွန်တော့်အားစကားလာပြောသည့်အသံသြသြနှင့်ထို့အကိုအားမော့ကြည့်လိုက်သည်။ခန့်ညားလွန်းသည့်မျက်နှာနှင့်အစိမ်းရောင်ရင့်ရှိသည့်သူ၏မျက်ဝန်းများဟာအလွန်ပင်လိုက်ဖက်နေသည်။
"အကို့ကိုတစ်ခုလောက်ကူညီပေးပါလား"
ငိ!!!!Jeon Jungkook ရေ...မင်းလူတစ်ယောက်ရဲ့မျက်နှာကိုဘယ်တုန်းကသေချာငေးတတ်သွားရတာလဲ
"ဟင်။ဘာပြောလိုက်တာလဲ"
"အကို့နာမည်ကKim Taehyung..ဒီနေ့မှကျောင်းပြောင်းလာတာ။
လမ်းတွေသေချာမသိသေးတာမို့အထက်တန်းဒုတိယနှစ်ရဲ့(A)ခန်းကဘယ်မှာလဲဆိုတာလိုက်ပြအကို့ကိုပါလား။""ကျွန်တော်လည်းအဲ့ဘက်ကိုသွားတော့မှာဆိုတော့အကို့ကိုလိုက်ပြပေးလို့ရပါတယ်။"
အဲ့နေကတည်းကအကိုနဲ့ကျွန်တော်နဲ့ရင်းနှီးသွားသည်။အိမ်ကလည်း နီးသောကြောင့်ကျောင်းသွား၊ကျောင်းပြန်အမြဲအတူတူသွားဖြစ်သည်။
အကိုကျွန်တော်ပေါ်ထားတဲ့ခံစားချက်ကိုမသိပေမယ့်ကျွန်တော်ကတော့စစတွေ့ချင်းကပင်အကိုတစ်ယောက်ထက်ပိုခဲ့သည်။.................................................................
လတွေတောင်တစ်လပြီးတစ်လကုန်လွန်ရင်းအခုဆိုအစ်ကိုကနောက်ဆုံးနှစ်၊ကျွန်တော်ကဒုတိယနှစ်တောင်ရောက်လာခဲ့ပြီ။
"အကို..စာမေးပွဲဖြေဖို့စာတွေအကုန်ရပြီလားသေသေချာချာကျက်အုံးနော်။ဒါနောက်ဆုံးစာမေးပွဲနော်.."
"Hk..ကိုယ့်ကိုသာဆရာလာလုပ်နေတယ်..သူကျတော့မကျက်ဘူး"
"ဘာမကျက်တာလဲ။အိမ်ကOmmaတို့ကိုမေးကြည့်!တစ်ချိန်လုံးစာအုပ်နဲ့မျက်နှာနဲ့ကပ်ထားတာပါနော်..ဟွန့်"
" Super Glue နဲ့ကပ်ထားတာလား"
"အာ...အကိုနော်"
"နောက်တာပါကွာ...
ဒီအပတ်လေးပဲသေချာကြိုးစားလိုက်စာမေးပွဲနောက်ဆုံးနေ့ကျရင်လျှောက်လည်မယ်လေ""ကတိနော်"
"အင်း။ကတိ"
.................................................................
YOU ARE READING
Don't Leave Me (Completed)
Short StoryUnicode "မဖိတ်ပဲကျွန်တော့်ဘဝထဲကို သူဝင်လာတယ် မနှင်ပဲနဲ့ကျွန်တော့်ဘဝထဲက သူပြန်ထွက်သွားခဲ့တယ်" Zawgyi "မဖိတ်ပဲကျွန်တော့်ဘဝထဲကို သူဝင်လာတယ် မနှင်ပဲနဲ့ကျွန်တော့်ဘဝထဲက သူပြန်ထွက်သွားခဲ့တယ်"