#Unicode Ver
Jungkook တစ်ယောက်ဒီနေ့Taehyungနဲ့အပြင်သွားဖို့ချိန်းထားတာကြောင့်တက်ကြွစွာနှင့်နိုးထလာသည်။
နိုးနိုးချင်းမျက်နှာသစ်ကာမနက်စာစားရန်မီးဖိုချောင်ထဲသို့ဝင်သွားလိုက်သည်။"Haha..ဟုတ်တယ် Taehyung ရေ..မင်းညီကအဲ့လိုပဲ"
မီးဖိုချောင်သို့ဝင်ခါနီးတွင်ဧည့်ခန်းထဲရှိAppaနှင့်ဧည့်သည်တစ်ယောက်ယောက်၏ရီသံများကြောင့်ဝင်ကြည့်မိလိုက်သည်။
"Appa!!!ဘယ်သူရောက်နေ.."
ဝင်ဝင်ချင်းSofaတွင်Appaနှင့်မျက်နှာချင်းဆိုင်ထိုင်၍စကားပြောနေသောအကိုကြောင့်ပြောမည့်စကားတွေတောင်ကြက်ပျောက်၊ငှက်ပျောက်ပင်။
"နိုးလာပြီလားသား"
အနောက်မှမုန့်လင်ပန်းကြီးသယ်ပြီးဝင်လာသောOmmaကြောင့်နာမလည်စွာနှင့်အကို့ကိုကြည့်မိသည်။
"Ommaတို့ကအကို့ကိုသိကြလို့လား"
"မင်းမမွေးခင်ကတည်းကAppaတို့ကသိနေတာပါကွာ"
"Jungkookနိုးနေပြီဆိုတော့မနက်စာစားကြရအောင်လေ။"
"Nae Ommonim....ကလေးဘာရပ်လုပ်နေတာလဲ!!!မနက်စာစားကြမယ်လေ"
ပြောပြီးလက်ကိုဆွဲခေါ်၍မီးဖိုချောင်ထဲသို့ဝင်သွားသောအကို့ကြောင့်သူကိုသူဧည့်သည်လို့တောင်ထင်မိ၏။
လွန်လိုက်တာ..ဘယ်ဧည့်သည်ကအိမ်ရှင်ကိုအဲ့လိုဆွဲခေါ်လို့လဲ။
ပြီးတော့OmmaကိုများသူကOmmonimတဲ့..
ဟွန့်!!!ညကတည်းကစိတ်ကောက်နေပါတယ်ဆို..စာသောက်ပြီးတော့အကိုကOmmaနှင့်စကားထိုင်ပြောနေသည်။Appaကတော့ကုမ္ပဏီသွားပြီဖြစ်သောကြောင့်မရှိပေ။သူကတော့အကိုနှင့်အပြင်သွားမည်ဖြစ်သောကြောင့်ရေချိုးပြီးပြင်ဆင်နေသည်။
"ကြည့်ရအောင်။ဘာဝတ်ရင်ကောင်းမလဲ"
အဝတ်ဘီဒိုကြီးကိုဆွဲဖွင့်လိုက်သည်။Hoddieအဝါလေးကိုဆွဲထုတ်လိုက်ပြီးဂျင်းဘောင်းဘီအမည်းလေးနှင့်တွဲလိုက်သည်။အဝတ်တန်း၌ချိတ်ထားသောဘေးတစ်စောင်းလွယ်ရသည့်အိတ်အဖြူလေးထဲသို့ဖုန်းနှင့်ငွေသားအချို့ထည့်၍လွယ်လိုက်သည်။
YOU ARE READING
Don't Leave Me (Completed)
Cerita PendekUnicode "မဖိတ်ပဲကျွန်တော့်ဘဝထဲကို သူဝင်လာတယ် မနှင်ပဲနဲ့ကျွန်တော့်ဘဝထဲက သူပြန်ထွက်သွားခဲ့တယ်" Zawgyi "မဖိတ်ပဲကျွန်တော့်ဘဝထဲကို သူဝင်လာတယ် မနှင်ပဲနဲ့ကျွန်တော့်ဘဝထဲက သူပြန်ထွက်သွားခဲ့တယ်"