#Unicode Ver
6 years later...
ဒီနေ့Taehyung 6နှစ်အကြာမှKoreaပြန်မှာကြောင့်စိတ်လှုပ်ရှားနေသည်။Japanမှာ3နှစ်ပဲနေမယ်ဆိုပြီးညာခေါ်လာသောAppaသူကိုမုန်းမိ၏။ကလေး၏အားပေးစကားကြောင့်Appaနှင့်အတိုက်အခံလုပ်၍သူဖြစ်ချင်သောPhotographerလုပ်ခွင့်ရသည်။သို့သော်ဝါသနာအရ သာလုပ်ခိုင်းပြီးကုမ္ပဏီတွေဝင်လုပ်စေ၏။ကုမ္ပဏီတွင်ဝင်လုပ်ရင်Seoulရှိပင်မကုမ္ပဏီကိုအုပ်ချုပ်ရန်Korea ကိုပြန်လွှတ်မည်ဟုAppaမှအပေးအယူလုပ်၏။
မည်သို့ပင်ဖြစ်စေKoreaကိုပြန်ရမည်ဆို၍ကတစ်ကြောင်း၊ကလေးနှင့်တွေ့ရမယ်ဆိုတာကတစ်ကြောင်းကြောင့်Appa ပြောထားတာကိုခက်ခံလိုက်၏။ကလေးသာသူနှင့်တွေရင်အခုမှပြန်လာရမလားဆိုပြီးစိတ်ကောက်နေမလား။အော်ငိုနေမလားဟူ၍တွေးမိနေရင်းနဲ့ပင်ရယ်မိနေ၏။
ကလေးနှင့်မတွေ့ရသည့်နောက်ပိုင်းသူ့ခံစားချက်ကိုသူနားလည်လာခဲ့သည်။"Taehyung..Driver Jung လာကြိုပြီသွားရအောင်သား။"
"Nae...Omma"
မရှူရတာကြာပြီးဖြစ်သောKorea၏လေများသည်လက်ဆက်နေသည်။ဆောင်းတွင်းသို့ကူးပြောင်းနေစဖြစ်သောကြောင့်ရာသီဥတုမှာအေးမြနေ၏။
"Omma..Koreaကသားတို့မရောက်တာ ကြာသွားတာကြောင့်လားမသိဘူး။အရမ်းလှပပြီးသန့်ရှင်းသွားသလိုပဲ"
"အမလေး..သားကတောင်မရောက်တာ6နှစ်ပဲရှိသေးတာOmmaဆို10နှစ်တောင်ရှိနေပြီ။"
"OmmaပါသာမလာပဲJapanမှာနေနေတာမဟုတ်ဘူးလား"
"အေးပါ...အေးပါ"
"ဒါနဲ့Omma..သားတို့အိမ်ရောက်ရင်Ommaကိုမိတ်ဆက်ပေးစရာလူရှိတယ်"
"သားရဲ့crushကောင်မလေးလား"
"ကောင်လေးပါOmma"
"ဟင်"
"Ommaကိုအိမ်ရောက်ရင်အကြောင်းစုံပြောပြမှာပါ"
"Ommaသိပါတယ်..သားတို့အကြောင်း"
"ဗျာ..Ommaသိတယ်"
သူကိုကြည့်ပြီးပြုံးပြကာမျက်လုံးတစ်ဖက်မှိတ်ပြသောommaကြောင့်ဘာပြောရမှန်းတောင်မသိတော့ပေ။
YOU ARE READING
Don't Leave Me (Completed)
Short StoryUnicode "မဖိတ်ပဲကျွန်တော့်ဘဝထဲကို သူဝင်လာတယ် မနှင်ပဲနဲ့ကျွန်တော့်ဘဝထဲက သူပြန်ထွက်သွားခဲ့တယ်" Zawgyi "မဖိတ်ပဲကျွန်တော့်ဘဝထဲကို သူဝင်လာတယ် မနှင်ပဲနဲ့ကျွန်တော့်ဘဝထဲက သူပြန်ထွက်သွားခဲ့တယ်"