Book review

31 0 0
                                    

ဒီလို stay home ကာလကြီးမှာ လူအများစုက ဖုန်းကိုသည်းကြီးမည်းကြီး သုံးလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပါပဲ။ မနက်အိပ်ရာထတာနဲ့ ဖုန်းကိုတန်းဖွင့်တာ အိပ်ရာဝင်ချိန်ရောက်တဲ့ အထိပဲ။ နောက်တော့ ဖုန်းသုံးနေရင်း အတွေးထဲဝင်လာမိတာက "ငါ ငါ့ဘ၀ကြီးကို ဒီလိုပဲ နေသွားတော့မှာလား? " လို့ပေါ့။ အဲ့လိုအတွေးလည်း ၀င်ပြီးရော ကျွန်တော်သိလိုက်တာက ကျွန်တော်က ဆန်ကုန်မြေလေး တစ်ယောက်ဆိုတာပဲ။ Stay home ကာလမှာ တဖက်တလမ်းကလည်း ဗဟုသုတရှာလို့ရတယ်လေ။

ဆိုတော့ အသိညဏ်တိုးအောင် ကျွန်တော်ဖတ်ပီးတဲ့ ဆရာမထက်ထက်ထွန်းရဲ့
"စိတ်၏ငြိမ်သက်ခြင်း"ဆိုတဲ့ ကဗျာစာအုပ်လေးကို ညွှန်းပါရစေ။

လောကီအရေးတွေကြောင့် ဗလောင်ဆူပူလောင်နေခဲ့တာများပြီ။ အဲ့တော့ ငြိမ်ငြမ်ချမ်းချမ်းဖြစ်မဲ့ စာအုပ်လေးကို ဖတ်ကြည့်ပါ။ ကျွန်တော့်အမြင်အရဆို ဆရာမကသူ့ဘ၀မှာ ပူလောင်တဲ့ချစ်မေတ္တာနဲ့ လောကဓံကိုအတော်လေး ရင်ဆိုင်ခဲ့ပြီးတဲ့ ရင့်ကျက်သူတစ်ယောက်။ ဒါကြောင့် သူကလွတ်လပ်မှုကို မက်မောပီး ငြိမ်သက်မှုကို တမ်းတတယ်။

ဒီစာအုပ်ထဲမှာတော့ ငြိမ်သက်အေးဆေးမှုနဲ့ ရိုးရှင်းမှုတွေကို အနှစ်သာရပြည့်ပြည့် ဖော်ကျူးထားတယ်။ အရာအားလုံးကို လွှတ်ချနိုင်ပေမဲ့ လွတ်လပ်မှုကိုတော့ အာသာငမ်းငမ်း မက်မောတဲ့ပုံတွေ ဖော်ကျူးထားတယ်။

စာပိုဒ်တစ်ခုမှာဆို ကမ္ဘာအနှံ့ခြေဆန့် ရသည်ထက် သင့်တော်တဲ့အလုပ်ကိုသာ ဇောက်ချလုပ်နိုင်သော ခိုင်ကြည်ငြိမ်သက်တဲ့ စိတ်နှလုံးကိုသာ လိုချင်ပါသည်တဲ့။

ဒီစာပိုဒ်ကိုဖတ်ပီးတော့ ကျွန်တော်ခါးသီးစွာ ပြုံးမိတယ်။ ကျွန်တော်လည်းရည်းမှန်းချက် များတယ်လေ။ ဆန်ကုန်မြေလေး အလုပ်လုပ်နေပီး များပြားလှတဲ့အရာတွေကို မျှော်လင့်မိတယ်။ မျှော်လင့်ချက်ဆိုတာ ပူလောင်တတ်တဲ့သဘောပေါ့။

လောကုတ္တရာသဘောတရားကို လောကီဆန်ဆန်လေး ရောထွေးရေးထားတာကြောင့် စိတ်နှလုံးကို အေးချမ်းစေပီး အသိညဏ်ပွင့်စေတာကြောင့် ဖတ်သင့်တယ်လို့ ကျွန်တော်မြင်မိပါတယ်။

#Tay_Thar

စာတိုစာစWhere stories live. Discover now