For your birthday

15 0 0
                                    

ပထမဆုံးပြောချင်တာက

Happy Birthday my boy..

မွေးနေ့ရှင် မင်းအတွက် ဒီနေရာလေးမှာပဲ လူမသိ၊သူမသိ ဆုတောင်းပေးပါရစေ။ ငါတို့ပျော်ခဲ့ဖူးတဲ့နေ့ရက်တွေကို ပြန်စဉ်းစားမိတယ်။ အမှတ်တရများစွာက ကိုယ့်နှလုံးသားကို အကြိမ်ကြိမ်ထိုးနှက်နေတော့ ကိုယ်မနာကျင်ပဲနေမလား။ မင်းခေါ်တဲ့နာမ်စားလေးက ကဗျာမဆန်ပေမဲ့ ပန်းဥယျဉ်ကိုမြင်ရတာထက် ငြိမ်းချမ်းတယ်။

အပြောင်းအလဲတွေများတော့ မင်းကကတိမတည်ခဲ့ဘူးနော်။ ဒါပေမဲ့ ခွင့်လွှတ်ပါတယ်။ မင်းပျော်ရင်ပြီးတာမို့ ငါ့ရင်ကွဲလည်းဖြစ်ပါတယ်။ အခုတော့မင်းက မင်းချစ်သူနဲ့ပျော်ပျော်ကြီး Partyပွဲ ကျင်းပနေလောက်ပြီပေါ့။

မောင့်ကိုချစ်ကြောင်းစာစီကုံးလို့
ရင်နင့်မေတ္တာဖွဲ့ဆိုပါ၏။
ကဗျာလည်းမဟုတ် ပေလည်းမဆိုသာ
ဤအလွမ်းစာကို မောင့်ထံသို့သာ
ကာလမဆိုင်း ရောက်စေချင်၏။
မောင့်၏သက်ထား မောင့်ကြင်သူအား
မြတ်နိုးကျွမ်းဝင်၊ ချစ်သက်သေအဖြစ်..
နှမ၏အပြုံး ဤအသည်းနှလုံးကို
ခွဲထုတ်စိတ်ယူ
ပေးစေလေတော့။

Tay_Thar

စာတိုစာစWo Geschichten leben. Entdecke jetzt