"ကိုကိုရေ မနက်စာစားမယ် ဆင်းလာတော့"
"လာပါပီ ပေါက်စီလေးရယ် ဘာချက်ထားတာလဲ"
"ကိုကို့အကြိုက် ပုဇွန်ဆန်ပြုတ်😁"
"ကိုကို့ကို မနက်တိုင်းဒါပဲချက်ကျွေးနေတာ 😢"
"မစားဘူးလား😒"
"စားမယ် စားမယ်"
"ကောင်းလားဟင် ကိုကို"
"ပေါက်စီလေးက တနေ့တခြားပိုတော်လာတာပဲ☺ တော်သေးတာပေါ့ နေ့လည်စာတေက အလုပ်မှာစားရတာမလို့😅"
"ကိုကိုကလဲ....ပေါက်စီက ကိုကိုကြိုက်လို့ချက်ကျွေးတာလေ ပီးတော့ ပေါက်စီလည်း ဟင်းတေအများကြီးချက်တတ်နေပါပီနော် အာ့ကြောင့်အန်တီ့ကိုလည်း ပြန်လွှတ်လိုက်တာကို"(အန်တီဆိုတာက Bounအမေထားသွားတည်းကထိန်းလာတဲ့ အိမ်အကူပါ)
"ဟုတ်ပါပီကွာ ကို့ပေါက်စီလေးက ကိုကို့ကိုစားစေချင်တာသိပါတယ် ကိုကိုကလည်းပေါက်စီလေးဘာချက်ချက်ကြိုက်တယ် ဟုတ်ပီလား"
"ဒါဆို ပေါက်စီစားလိုက်ဦးမယ် ....ဝေါ့....အွန့်...."
"ပေါက်စီလေး ဘာဖြစ်တာလဲ😳"
ပေါက်စီတယောက် ပါးစပ်ကိုအုပ်ကာ ဘေစင်မှာသွားပီးအန်နေတော့တယ် အန်တယ်ဆိုပေမယ့်လည်းအရည်တေပဲအန်နေတော့ Bounစိတ်တေပူနေတော့တာပေါ့
"ပေါက်စီလေး ရရဲ့လား.."
"ကိုကို...ပုဇွန်ဟင်းကအရမ်းညှီတာပဲ အဲ့ဒါကိုဘာလို့ကောင်းတယ်လို့ ပြောတာလဲ"
"ဟမ် မညှီပါဘူးကလေးရဲ့ ကိုကိုစားနေတာအကောင်းပါ နမ်းကြည့်လိုက်"
"ဝေါ့... မရဘူး...ဝေါ့..."
"ဒီပုံအတိုင်းဆိုမဖြစ်ဘူး ဆေးရုံသွားမှရမယ်...ကိုကိုအလုပ်မသွားတော့ဘူး လာ..."
"ဟုတ်...ကိုကို"
ဆေးရုံရောက်တော့ ဆရာဝန်ကလည်းတခုချင်းစီကို အသေးစိတ်စစ်ဆေးနေတယ် Bounကလည်းအရမ်းတေစိတ်ပူနေပီ စစ်ဆေးတာကကြာနေတာကိုး
"Nong Boun "
"ဆရာ ပေါက်စီဘာဖြစ်တာလဲ ရောဂါများလားဆရာ ကျွန်တော့ကိုပြောပါ"