ခွပ်..ခွပ်...
"ငါမွေးထားတာ Gayမဟုတ်ဘူး မင်းအရှက်မရှိဘူးလား"
"Por...ကျွန်တော် သူ့ကိုချစ်လို့ Gayလို့ခေါ်ချင်လည်းခေါ် ရတယ်"
"အတော်တတ်နေတယ်ပေါ့လေ မင်းပစ္စည်းတေ ညနေမရောက်ခင် အပီးသိမ်း ငါနဲ့ကိုရီးယားကိုလိုက်ခဲ့ရမယ်"
"ကျွန်တော် မလိုက်ဘူး por...ကျွန်တော်သူနဲ့နေမှာ"
ခွပ်...အားး...
မျက်နှာပေါ်ကျရောက်လာတဲ့ လက်သီးချက်တေကြောင့် နူတ်ခမ်းထောင့်မှာ သွေးလေးတေစို့လာရသည်အထိ
"Por..ကျွန်တော့ကို ကြိုက်သလိုလုပ် ကြိုက်သလောက် အပြစ်ပေးပါ ကျွန်တော့်ကို သူနဲ့တော့မခွဲပါနဲ့.."
"မင်းက ဒီလောက်လုပ်နေတာကို ပြောထွက်ရဲသေးတယ် မင်းအမေ ဘယ်လိုသေခဲ့ရလဲ မင်းမတွေးမိဘူးလား မင်းဒီလောက် အရှက်ကွဲခဲ့တာကို ဒီလမ်းကိုပဲ မင်းရွေးချယ်တယ်ပေါ့"
"အမေသေတာ ကျွန်တော့ကြောင့်ဆိုတာမှန်ပါတယ် ဒါမဲ့ကျွန်တော် လူတေပြောနေသလိုမျိုး Gayတာကိုcoverလုပ်ချင်ခဲ့တာ မဟုတ်ဘူး ပီးတော့ ကျွန်တော်ချစ်တာ သူတယောက်ထဲပဲ"
"မင်းက ပြောလေဆိုးလေပဲ "
"ကျွန်တော် သူ့ကိုချစ်တယ် သူ့နဲ့ပဲနေမယ် porနဲ့မလိုက်နိုင်ဘူး"
"မင်းငါ့ကိုအာမခံနဲ့ မင်းတို့အချစ်က စစ်မှန်တယ်လို့ ထင်နေတာလား"
"Por...ကျွန်တော်သူ့ကိုချစ်တာ အပေါ်ယံချစ်ခဲ့တာမဟုတ်ဘူး သူ့ကိုတဘဝလုံးပုံအပ်ထားတာ"
"အဲ့လောက်ဖြစ်နေတာ မင်းကိုအခန်းထဲပိတ်ထားမယ် လာခဲ့"
"Por ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်မလိုက်ချင်ဘူး😭"
"Prem...!! "
Porကိုတွန်းထုတ်လို့ မျက်ရည်တေကိုသုတ်ကာ အိမ်ထဲကနေအတင်းပြေးထွက်သွားတယ် porကလည်း နောက်ကနေအဆက်မပြတ်လိုက်နေတယ်
"Pan မရောက်သေးဘူးလားဟ"
"ရှေ့ဆိုရောက်ပီ..အား...ကိုကြီးဘာလို့ဆောင့်ရပ်လိုက်တာလဲလိုက်တာလဲ"