Extra(1)

2.7K 227 26
                                    

(Unicode)

"မ..."

"အွန်..."

ပါဆယ်ထုတ်နေတုန်း ခေါ်လာ၍ ထူးလိုက်သော်လည်း ဘာသံမှဆက်မထွက်လာပြန်သည်မို့ တိတ်ကပ်နေရင်း မျက်လုံးတစ်ချက်လှန်ကြည့်မိသည်...

ဒီကလေး ဂမုန်းကို ခေါ်နေတာ ဒါနဲ့ဆို ဆယ်ကြိမ်မကတော့ချေပြီ... ဒါကို ဂမုန်းက ထူးနေမိတုန်းဘဲတဲ့...

ခုံပေါ် မေးလေးထောက်ချရင်း ဂမုန်းကို ကြည့်နေသည့်ကလေးစုတ်လေးက ဟီးကနဲဖြင့် သဘောခွီးစွာ ပြုံးပြလာသည်ကို မျက်မှောင်ကျုံ့ပြီးသာ ကြည်လိုက်၏...

"ဘာမှမပြောရင်လဲ မခေါ်နဲ့လေ..."

ထိုကလေးပြန်ပြောလာသည်က...

"ကိုယ် ပျင်းနေတယ်လေ..."

ဂမုန်း မျက်လုံးပင့်ကြည့်မိသွားသည်... ဒီကလေး ဘာဖြစ်နေတာလဲ...

"မ မအားသေးဘူးလေ... မုန်း ငြိမ်ငြိမ်လေးထိုင်စောင့်နေမှ အလုပ်မြန်မြန်ပြီးပြီး မုန်းနဲ့အတူ အပြင်ထွက်..."

ဂမုန်း ဆက်မပြောတော့ပါ... ဘာကို အပြင်ထွက်မှာလဲ. ထွက်ချင်ရင် ဆိုင်ပိတ်လိုက်မှရတော့မယ်... ကျေးဇူးရှင်နှစ်ယောက်က ခဏဆိုပြီးထွက်သွားတာ ပျောက်ချင်းမလှပျောက်သွားပြန်ပြီလေ...

ဂမုန်း ဆက်မပြောဘဲ တစ်ဝက်နဲ့ရပ်လိုက်တော့ မုန်း မျက်နှာထက်မှာ အပြုံးခပ်ရေးရေးလေးပေါ်လာကာ...

"အပြင်ထွက်... ပြီးတော့ရော ဆက်ပြောလေ..."

နောက်တဲ့တဲ့ပုံစံနဲ့ ပြောလာတော့ ဂမုန်းရဲ့ မကြည်အကြည့်က မုန်းဆီသို့...

ဒီကလေး လူကို ဘယ်လိုမတိတထိစရမလဲဆိုတာလဲ သိတာဘဲလား... ဘယ်ကသင်လာပြန်ပြီလဲ...

"ဘာဘဲဖြစ်ဖြစ် မ ကို ထပ်မခေါ်နဲ့တော့... ဒီနေ့ပြီးရမယ့် ပါဆယ်တွေရော ပန်းစည်းတွေရော တော်တော်များများကျန်သေးတယ်... ကူညီပေးချင်စိတ်ရှိတယ်ဆိုရင်တော့ ဝယ်သူလာတာကိုဘဲ စောင့်ကြည့်ပေးနော်..."

ဂမုန်း စကားကို နားထောင်မည်အထင်နှင့် စိတ်ချလက်ချ အလုပ်ပြန်လုပ်ဖို့ကြံရုံရှိသေး ခေါ်သံလေးက ထွက်ပေါ်လာပြန်သည်...

FIRST LOVE (S2) [COMPLETED]Where stories live. Discover now