unicode
ပိုင်ဝေ့ရှင်း ရှောင်ဖေးဆိုသောကောင်မလေးအား ဘာပြောရမလဲသိဖြစ်သွားပြီး စိတ်အေးအေးထားရန်သာပြောမိပါတော့သည်။(ဟုတ်တယ်လေ အရမ်းနူးညံ့ပြရင် သူ့သခင်မမဟုတ်တာသိသွားလို့ ဟိုသကောင့်သားကိုသွားတိုင်လို့ခေါင်းပြတ်မှာပေါ့)
ပိုင်ဝေ့ရှင်းလဲ ဦးနှောက်ကိုအမြန်အလုပ်ပေးကာ ရှောင်ဖေးကို အဆောင်ထဲ ပြန်ခေါ်လာခဲ့သည်။
"ရှောင်ဖေး"
" အမိန့်ရှိပါ သခင်မ.ဒီအစေခံ နာခံလျှက်ပါ"
" နင်က ငါ့ရဲ့အစေခံပေါ့နော် နင်တယောက်ထဲလား တခြားသူတွေရော ရှိသေးလား"
ရှောင်ဖေး သူမ့အား မျက်လုံးလေးကလယ်ကယလ်နဲ့မေးလာသော သူ့ရဲ့သခင်မကို ကြည့်လိုက်သည်။မနေ့က မင်းသားရှီဖုန်းနဲ့ ရန်ဖြစ်လာပြီးကထဲက ထူးဆန်းနေတယ်။အခန်းထဲအောင်းနေရာကနေ အစေခံတွေအားလုံးကိုအော်ထုတ်ကာ ဘယ်သူမှမဝင်နိုင်အောင်လုပ်ထားတယ်။
" ရှိပါတယ် သခင်မ.. အကုန်လုံး သခင်မအမိန့်မရပဲ အဆောင်ထဲ ပြန်မဝင်ရဘူးဆိုလို့ အပြင်မှာစောင့်နေကြတာပါ "
" အော် ငါအော်ထားလို့မဝင်ရဲကြဘူးပေါ့..အာ့ဆိုလဲ နင်သွားပြန်ခေါ်လိုက်..အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တာဝန်ကျေကြဖို့ပြောလိုက်..
ပြီးရင် ငါရေချိုးဖို့နဲ့ အပြင်သွားဖို့အတွက် နင်ပြင်ဆင်ပေး...ကြားလား """ ဟုတ်ကဲ့ပါ သခင်မ.. ဒီအစေခံပြင်ဆင်လိုက်ပါ့မယ်"
"ရှောင်ဖေး..နင့်အသက်ဘယ်လောက်လဲ"
"ကျတော်မျိုးမအသက်က ၁၉နှစ်ပါ သခင်မ"
ရှောင်ဖေး သခင်မအမေးကိုသာဖြေလိုက်ရပေမဲ့ သူမနဲ့သခင်မပိုင်ဝေ့ရှင်းက အတူတူနေလာတာ သူမ့အသက် ၁၂ထဲကဖြစ်သည်။ ဒါကို သူမက သး့အသက်မသိဘူးလို့ဆိုလိုလိုက်တာလား။ ပိုင်ဝေ့ရှင်း သူ့မကိုကြောင်ကြည့်နေသော ရှောင်ဖေးအား ကြည့်ကာ သူတခုခုအမှားလုပ်မိသလိုခံစားလိုက်ရတယ်။ငါလေး မမှားလောက်ပါဘူးနော်။ အရေးအေကြာင်းဆို ဟိုဖြူလုံးsystemစုတ်လေးကဘယ်ရောက်နေလဲမသိဘူး။
ထိုစဥ်....
YOU ARE READING
ချစ်သောဗီလိန်လေး 1 (Complete)
Historical Fictionပိုင်ဝေ့ရှင်း ၂၁ရာစုရဲ့ခေတ်သစ်သမီးပျိုလေး တနေ့ကျောင်းသွားရင် လမ်းမှာ တဖက်ကလာတဲ့ကားကိုမမြင်မိပဲ လမ်းဖြတ်ကူးလို့ သေဆုံးသွား Systemထဲရောက် ဒီဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်မှုသာဖြစ်သည်။ ဘာသာပြန်မဟုတ်ပါ။ လုံးဝလုံးဝဘာသာပြန်မဟုတ်ပါ။ အားပေးမှုကိုကျေးဇူးတင...