Unicode
ရှီတိုင်းပြည် နန်းတော်ထဲတွင် ပျော်ရွှင်စရာအခမ်းအနားတခုမှာ ဝမ်းနည်းစရာအဖြစ် ပြောင်းလဲသွားလေသည်။ ရှီဖုန်း သတိလစ်နေသော ပိုင်ဝေ့ရှင်းအား ပွေ့ချီကာ အခန်းတခုအတွင်းရှိ ကုတင်ပေါ်သို့အသာအယာတင်လိုက်သည်။ အနီးတွင် အသင့်ရပ်နေသော သမားတော်အဖိုးအိုကြီးက ပိုင်ဝေ့ရှင်းအား စမ်းသပ်စစ်ဆေးကြည့်ရာ မည်သည့်အဆိပ်ဟု တိကျစွာမပြောနိုင်သလို အဆိပ်မိနေသည့်အခြေအနေလဲ မတွေ့ရတော့သလို ဖြစ်နေလေသည်။ ရှီဖုန်း ဒေါသတကြီးဖြင့် သမားတော်ကြီးအား ကိုင်လှုပ်ကာ..
'' ဘာအဆိပ်မှန်းမသိဘူး ဟုတ်လား ခဗျားက သမားတော်လေ ဒီမှာ သွေးအနက်ရောင်တွေအန်ထားတာမြင်တာတောင်
အဆိပ်မမိဘူးဆိုတော့ ခဗျား သေဖို့ကောင်းနေပြီ '''' ဒုတိယမင်းသား စိတ်ထိန်းပါ ကျတော်မျိုးက အဖြစ်မှန်တိုင်းပြောနေတာပါ သွေးအရောင်အနေအထားအရ အာ့တာ လူတဦးတယောက်အတွက် သီးသန့်ဖော်စပ်ထားတဲအဆိပ်မျိုးဖြစ်မယ်ထင်ပါတယ် တခြားသူ သောက်မိရင် အတိအကျမသိပဲ အသက်သေဆုံးနိုင်ပါတယ် ရည်ရွယ်ထားတဲ့သူသာသောက်မိရင် ဘာလက္ခဏာမှ မတွေ့ရပဲ လိုသလို ကြိုးကိုင်ဖို့ လုပ်ထားတာမျိုးလို့ထင်ပါတယ် ကျတော်မျိုး ကျမ်းစာတခုထဲမှာဖတ်ဖူးတာပါ တခုခုထဲမှ ထည့်ပြီးခပ်ရတာမျိုးပါ ဖော်စပ်သူရဲ့သွေးနဲ့လုပ်ထားတာလို့ဖတ်ရဖူးပါတယ် အဆိပ်ခပ်သူကလွဲရင် တခြားသူမဖြေနိုင်ပါဘူးတဲ့ ''
'' ဒါဆို ဘယ်သူအဆိပ်ခတ်တာလဲ ''
'' ကျတော်မျိုး တခုလောက် လျှောက်တင်ပါရစေ မင်းသား ''
'' ကျန့်ဇီ မင်းဘာသိထားလို့လဲ ''
'' သခင်မက တချိန်လုံး ဘာမှမစားထားပါဘူး တခါပဲ ဂုဏ်ပြုသေရည်ကို ကိုယ်စားသောက်ခဲ့တာပဲ ရှိပါတယ် ''
'' သေရည် ... '' ဟု ရေရွတ်ရင်း တစုံတခုအား စဥ်းစားမိကာ
'' အခုချက်ချင်း ထန်နိုင်ငံရဲ့သံတမန်တွေကို တယောက်မကျန် ဖမ်းခေါ်လာခဲ့စမ်း ဟိုဂီတပညာရှင်ဆိုတဲ့တယောက်ကို မရရအောင် ခေါ်လာခဲ့လိုက် ''
'' အရှင်မင်းကြီးနဲ့မိဖုရားကြီးတို့ကို သင့်တော်ရာနေရာကို ပို့ဆောင်ပေးလိုက် သေချာစောင့်ရှောက်ထား ''
VOUS LISEZ
ချစ်သောဗီလိန်လေး 1 (Complete)
Fiction Historiqueပိုင်ဝေ့ရှင်း ၂၁ရာစုရဲ့ခေတ်သစ်သမီးပျိုလေး တနေ့ကျောင်းသွားရင် လမ်းမှာ တဖက်ကလာတဲ့ကားကိုမမြင်မိပဲ လမ်းဖြတ်ကူးလို့ သေဆုံးသွား Systemထဲရောက် ဒီဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်မှုသာဖြစ်သည်။ ဘာသာပြန်မဟုတ်ပါ။ လုံးဝလုံးဝဘာသာပြန်မဟုတ်ပါ။ အားပေးမှုကိုကျေးဇူးတင...