အပိုင်း ၅

6.1K 538 25
                                    

Unicode

ရှီဖုန်း အတွေးဝင်္ကပါထဲစီးမျောရင်းလမ်းလျှောက်ကာ အိမ်ပြန်လာခဲ့သည်။ ချစ်ရသူနဲ့ချိန်းဆိုထားတာကိုတောင် သွားမတွေ့နိုင်တော့ပဲ သူ့ရဲ့အတွေးထဲကို ဝင်စိုးမိုးထားသူ ပိုင်ဝေ့ရှင်း။ သူ့အတွေးကို သူကိုယ်တိုင် မယုံနိုင်အောင်ဖြစ်နေမိသည်။ သူ တခါမှသွားမကြည့်ခဲ့တဲ့ထိုမိန်းကလေးကို တခဏလေးတောင်မတွေးပဲမနေနိုင် ဖြစ်နေတဲ့သူ့ကိုသူ လုံးဝကိုမယုံနိုင်ဘူး။

ကျန့်ဇီ အရှင့်သားဘေးက လိုက်ပါရင်း တိတ်ဆိတ်ခြင်းနဲ့ မိတ်ဖွဲ့နေရလေသည်။ သူ့အရှင် ဘာတွေတွေးနေတာလဲဆိုတာတော့ ဖွင့်ပြောလဲ တပည့်ရင်းပီသစွာ သူ ကောင်းကောင်းကြီး သိနေလေသည်။ အရှင့်သား သခင်မပိုင့်အကြောင်းကို စဥ်းစားနေတယ်ဆိုတာ တွေးကြည့် ပြေးကြည့်တာထက်ပိုမှန်ပေမည်။

ရှီဖုန်း ပိုင်ဝေ့ရှင်းအကြောင်းတွေးရင်း တနေရာအရောက် လူတစုနဲ့ မိန်းကလေးနှစ်ယောက်ကို တွေ့လိုက်ရတယ်။ မြင်ရုံဖြင့် မိန်းကလေးတွေကို နှောက်ယှက်နေတာဖြစ်ကြောင်း သိလိုက်ရတယ်။
ဝတ်ကောင်စားလှကိုဝတ်ထားသောမိန်းကလေးက
သာမန်သာဝတ်စားထားသော မိန်းမငယ်လေးအား ကာကွယ်နေတာကိုလဲတွေ့ရတယ်။ ရှီဖုန်းတွေးရင်း
ဝတ်ကောင်းစားလှ ဟုတ်ပ ဝတ်ကောင်းစားလှက
သူနဲ့ စျေးထဲတွင် ဝင်တိုက်သွားသော မိန်းမလှလေး တနည်းအားဖြင့် သူရဲ့တရားဝင်ဇနီးမယား ပိုင်ဝေ့ရှင်း....။

(ကြိုက်သာမကြိုက်တာ ပိုင်ဆိုင်တယ်ဆိုတာကို ကြွားနေသေးတဲ့ချိဖ🙄)

ကျန့်ဇီ ရှေ့မှ လျှောက်နေသောအရှင့်သား ခြေလှမ်းရပ်သွားလို့ ကြည့်ရာ တနေရာကို စိုက်ကြည့်နေတာတွေ့လိုက်ရတယ်။အရှင့်သား ကြည့်ရာ သခင်မပိုင်ဝေ့ရှင်းတို့ဖြစ်ကြောင်းသိလိုက်ရတယ်။

"အရှင့်သား အာ့တာ သခင်မတို့မလား... နှောက်ယှက်ခံနေရတာထင်တယ်..ကျတော်မျိုးတို့ သွားကူသင့်တယ်နော်"

"အဟမ်း..ငါကိုယ်တော်ရဲ့သိက္ခာထိခိုက်အောင်လုပ်နေတာမို့လို့ ဝင်ကူရမှာပဲ... သူ့ဟာသူသာဆို ငါဝင်မပါချင်ဘူးကွ ကျန့်ဇီရ"

ချစ်သောဗီလိန်လေး 1  (Complete) Wo Geschichten leben. Entdecke jetzt