Part 7(Zawgyi)
တရိပ်ရိပ်လှုပ်ခတ်နေတဲ့ရေပြင်ကိုငေးရင်း
သင်္ဘောခုတ်မောင်းသံကိုနားထောင်နေတဲ့GDကိုကြည့်ရင်း
Youngbaeကမေးလိုက်သည်။"GD ya ငါတို့ထွက်လာတာမှန်ရဲ့လား"
"မှန်တာပေါ့ ငါတို့အထက်တန်းလည်းပြီးပြီလေ သူများအပေါ်အားမကိုးချင်တော့ဘူး
ငါ့အစွမ်းစနဲ့ငါ ငွေရှာပြီးSeungriကိုစိတ်ချမ်းသာအောင်ထားမှာ""ဒီအတောအတွင်းသူကောင်မလေးရသွားရင်ရော"
"ဟားဟား လုံးဝမဖြစ်နိုင်ဘူး ငါRiကိုယုံတယ်"
GDတစ်ယောက်ဘူဆန်ဆိပ်ကမ်းကဆင်းဆင်းချင်းပဲ
ဖုန်းထုတ်ကာSeungriထံဖုန်းဆက်ဖို့ကြိုးစားခဲ့ပေမယ့်.........5 years later ~ ~ ~
ဆိုလ်းမြို့ရဲ့ လမ်းမကျယ်ပေါ်မှာကားလေးတစ်စီး သိမ်သိမ်မွေ့မွေ့လေးမောင်းနှင်နေသည်
"Daesung ya...ဒီနေ့ငါကုမ္ပဏီကိုမသွားချင်ဘူး..."
"မင်းအပျင်းကြီးနေရင် မင်းအကိုကထုံးစံအတိုင်းဆဲနေအုန်းမယ်ကွာ"
ကားခေါင်းခန်းမှ ကားမောင်းနေသောကောင်လေးကနောက်ကြည့်မှန်ကိုကြည့်ပြီးပြောလိုက်သည်ကားနောက်ခန်းမှကောင်လေးကအဝေးကိုငေးရင်း ဟန်မြစ်ဘေးကပန်းခြံအဟောင်းလေးကိုတွေ့တော့ မျက်ရည်များစို့လာသည်
GD မင်းကိုငါအခုထိသတိရနေတုန်းပဲကွာ ငါရူးချင်တယ်.. အရမ်းလွမ်းတယ်....
"Ya Seungri ရောက်ပြီဆင်းတော့လေ"
Daesungပြောမှဆင်းဖို့သတိရတော့သည် မျက်ရည်များကိုသုတ်လိုက်ပြီး CEOအခန်းထဲသို့ခပ်ကုပ်ကုပ်ဝင်သွားလိုက်သည်
အခန်းထဲမှာတော့Topကကွန်ပျူတာကိုမျက်တောင်မခတ်ကြည့်နေသည်
"Hyung ကျနော်ဒီနေ့အိမ်စောစောပြန်ချင်တယ်"အခုမှcompanyကိုရောက်ပြီး အလုပ်မလုပ်ရသေး ပြန်မယ်ဆိုတဲ့စကားကြားတော့ Topကဆဲလေတော့သည်
"Hyung...နော်လို့"
Seungriရဲ့တောင်းဆိုမှုကြောင့်ထုံးစံအတိုင်း ရုံးစောစော ဆင်းဖို့ ခွင့်ပြုလိုက်ရတော့သည်