Part 9 (Zawgyi)
Seungriနားထဲအသံတစ်ခုကြားသည် ဘာပြောမှန်းမသိပေမယ့် အသံက GDရဲ့အသံ
ပန်းရောင်စုံပန်းခင်းထဲပြေးနေရင်း အဝေးမှာရပ်နေတဲ့GD ကိုဝိုးတဝါးတွေ့ရသည်
အနီးရောက်အောင်ပြေးရင်းပြေးရင်း မောဟိုက်လာရသည်
သူမြင်လိုက်ရတာက လွန်ခဲ့တဲ့ငါးနှစ်ကပန်းခြံဟောင်းထဲက မြင်ကွင်းတစ်ခု"Ri Riဘာတွေမက်နေလို့လဲ Ri Ri"
GDရဲ့အသံကြောင့်မျက်လုံးဖွင့်ကြည့်မိတော့ သူအိမ်မက် မက်နေမှန်းသိသွားသည်
"Ri အိမ်မက်တွေမကောင်းဘူးလား မျက်ရည်တွေလည်းကျနေပါလားRi"
Seungriဘာမှမပြော GDရဲ့ရင်ခွင်ထဲတိုးဝင်ပြီး ဖက်ထားလိုက်သည်
"ထားမသွားပါနဲ့ ဘယ်တော့မှ"
"Riရယ်..."
မော့ကြည့်လာတဲ့Seungriရဲ့ မျက်ရည်များကိုသုတ်ပေးလိုက်ပြီး နှဖူးကိုအမြတ်တနိုးနမ်းလိုက်သည်
"ဆက်အိပ်လေ Ri အခုမှ7နာရီပဲရှိသေးတယ်"
"ကိုကဘာလို့ အခန်းထဲဝင်လာတာလဲ"
"ယောင်နေသံတွေကြားလို့ စိုးရိမ်ပြီးဝင်လာတာ တံခါးကိုလော့ခ်လည်းချမထားဘူး"
Seungriကိုပြန်အိပ်ခိုင်းပေမယ့် ဆက်မအိပ်တော့ အောက်ဖက်ဆင်းလာပြီး မနက်စာချက်နေတဲ့Ho Rimကိုဘာကူညီရမလဲမေးလိုက်သည်
"အတော်ပဲမောင်လေးရေ အမကိုဈေးသွားပေးပါလား"
"ဟုတ်ကဲ့"ဆိုကာ GDနဲ့နှစ်ယောက်အနီးနားကဈေးကိုထွက်လာခဲ့လိုက်သည်
ဈေးဝယ်ရင်း အချိန်တွေကုန်မှန်းမသိကုန်သွားသည်
"GD ya အရေးကြီးတယ်"
ခေါ်သံကြောင့်ကြည့်လိုက်တော့ Daesungနဲ့Dara"မင်းတို့ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
"အခုအိမ်ပြန်တော့Seungri မင်းအမေငါနဲ့တူတူ ဂျယ်ဂျူဒို ကိုလိုက်လာပြီးGDတို့အိမ်ရောက်နေပြီ"
GDတို့လည်းအလျင်အမြန်ပြန်လာခဲ့သည်
အိမ်ရောက်တော့...ဧည့်ခန်းထဲမှာSeungriအမေကမိန့်မိန့်ကြီးထိုင်နေသည်
Topနဲ့Park Bomပါပါလာတာကြောင့် အခြေအနေကခန့်မှန်းမရ