(Unicode)
"Jung Jung kook ဘယ် ဘယ်ကိုခေါ်သွားမလို့လဲဟင်"
ကြောက်ရွံနေသော မျက်လုံးငယ်များဖြင့် မေးလာသောကောင်လေး။လက်ကလဲ သူ့ခါးနားစက အင်္ကျီကိုကိုင်ထားသေးသည်။
ကြောက်ရွံ့နေပေမဲ့ ချစ်ဖို့ကောင်းသောကောင်လေးပုံစံကြောင့် သူပြုံးလိုက်ကာ ကောင်လေး လက်ဖဝါးအားဆုတ်ကိုင်ရင်း
"ဂျယ်ဂျူ ကျွန်းလေ"
ဂျယ်ဂျူတွင် အရောင်းဝယ် တစ်ခု သူကိုယ်တိုင်လုပ်ရန်ရှိတာကြောင့်ရယ်ကောင်လေး ကသူ့အိမ်မှာသောင်တင်နေတာကြာပြီဖြစ်သော်လည်း သူနဲ့မရင်းနှီးသေးသလို ခံစားမိတာကြောင့်ရယ် ခေါ်လာရန်ဆုံးဖြတ်လိုက်သည်။
ဂျယ်ဂျူသွားမယ်ပြောတော ကောင်လေးရဲ့မျက်နှာက ပျော်သွားဟန်။စိန်ပွင့်လို တလက်လက်တောက်ပသော မျက်လုံးများက ဘယ်လောက်ပျော်နေဟန် ဖော်ပြနေသည်။
သူလဲထိုမျက်ဝန်းတွေမှာ ခဏတာ မျောပါသွားခဲ့ရသည်။"ဝါး ဂျယ်ဂျုကျွန်း တကယ်သွားရတော့မှာလား"
"အင်းလေ ကိုယ်တို့သွားကြမယ်လေ"
•
•
•"ဝါး Jungkookကြီး ပင်လယ် ပင်လယ်"
ရောက်ခါနီးအလှမ်းတစ်နေရာက မြင်နေရသော ဂျယ်ဂျူ ကျွန်းရဲ့အလှပတွေ..။
ကားထဲကနေ ခေါင်းလေးထွက်ကာပျော်နေသော ကောင်လေးကြောင့် သူပါ အပျော်ကူးစက်မိ။
အခုချိန်မှာ သူဘယ်လိုခံစားမိဆိုတော့ချစ်ရသူနဲ့ မင်္ဂလာဆောင်ပြီး ဟန်နီးမွန်းထွက်လာသော ယောကျာ်းတစ်ယောက်လ်ို...။
ချစ်ရသူ..။
ကောင်လေးကိုချစ်ရသူလို့တွေးမိတော့ သူရင်ထဲအေးခနဲ..။
တဒုတ်ဒုတ် ခုန်လာသော ရင်ခုန်သံကြောင့်လဲ ကိုယ့်ကိုယ်ကိုယ်တောင်မလုံမိတော့။"Jungkook Jungkook "
"ဟင်"
"ဆင်းမယ်လေ"
အတွေးထဲဘယ်လောက်မျောနှစ်ခဲ့လဲမသိ။
Hotelရောက်တာတောင်မသိတဲ့သူ့အဖြစ်။"အင်း ချာတိတ် လာ"
ကောင်လေး လက်ကိုဆွဲကာ ပင် ခုနကလို အပြုံးတွေမဟုတ် တည်ငြိမ်ကာ စေ့ထားသော နှုတ်ခမ်းများနဲ့ ခက်ထန်လှသော အသွင်များဖြင့်ပင်..။