(Unicode)
"!တောက်ခ်!!!"
ကျယ်လောင်လှတဲ့တောက်ခ် ခေါက်သံကြောင့် ထိုအခန်းထဲမှရှိသော လူတွေအားလုံးရဲ့ ထိန့်လန့်စိတ်က မြင့်တက်လျက်...။
သူတို့ကမ်းလှမ်းထားတဲ့ မှောင်ခိုသေနတ်တွေကို KIM ဘက်က ဦးကာ သုံးဆပေးပြီးဝယ်သွားခဲ့တာကြောင့် သူတို့ရဲ့Boss Jeon အလွန်ပင်ဒေါသထွက်နေသည်။
"ဒီကိစ္စကို ငါတို့ ဒီအခန်းထဲက လူတွေပဲ သိကြတာ။အဲ့ဒါကို ပေါက်ကြားသွားတယ်ဆိုကထဲက အသားထဲက လောက် ထွက်နေတာပဲ"
!ဒုန်း!
အားပါလှသော လက်သီး ပြင်းပြင်းက စားပွဲခုံပေါ်တွင် ဆင်းသက်လျက်..။
"ဖမ်းမိလို့ကတော့ လွတ်မယ်မထင်နဲ့နော်"
ပြောလိုက်သောစကားလုံးတစ်လုံးချင်းစီတိုင်းမှာ ရက်စက်မှု သွေးအေးမှု အာဏာတို့ပါလှသည်။
"Jeon ငါတို့ရဲ့အချက်လက်တွေကို unknown emailတစ်ခုဆီ ပို့ထားတာငါတွေ့တယ်"
"ဘာ!"
တိုက်ခိုက်ရေးမှာ ကျွမ်းကျင်ယုံသာမက Hackerလဲ ဖြစ်သော Hoseok က ရှာဖွေလိုက်တော့ သူ့ရဲ့ ပင်မ Emailကနေ ပို့ထားသော Emailတစ်ခု..။
"အဲ့Mail ပိုင်ရှင်ဘယ်သူလဲဆိုတာ ရှာလို့ရလား"
"မပြောတတ်ဘူး Jeon"
"ရအောင်လုပ် အဲ့Mail ပိုင်ရှင်ပဲ ဟိုဘက်ကKIMကို ပို့တာနေမယ်"
Jungkook အမိန့်ပေးလိုက်တော့ Hoseokက သူ့အလုပ်တွေကိုဆက်လုပ်နေသည်။
မျက်စိထောင့်ကဖြတ်ပြေးသွားသော အရိပ်...။
ဒေါသကလဲထွက်နေတာကြောင့် တံခါးနားက ခိုးနားထောင်နေသော သူ့ဆီသွားကြည့်လိုက်တော့..။
"အစ်"
ဂျွတ်ထိုးကာ သူ့အားလန့်ဖြန့်ကာ ကြည့်နေသော ကောင်လေးကြောင့် ခုနက ဒေါသတွေလဲ ဘယ်ဆီဘယ်ဝယ်ရောက်သွားလဲမသိတော့..။
"ကလေး ရာ ဘယ်သူများလဲလို့"
ကလေး။ကောင်လေး သူ့ကိုအဖြေပေးသည့်နေ့မှစ၍ အမည်အရင်းမသိသော ကောင်လေးကို ကလေးဟူသောနာမ်စားသာသူခေါ်ခဲ့သည်။ကလေးကတော့ သူ့ကို Jungkookကြီး လို့သာခေါ်မြဲ..။
