Thirteen 💫

1.4K 123 13
                                    

5.4.2020

ဒီနေ့က ငါတို့ရဲ့ ချစ်သူသက်တမ်း ခုနှနစ်ပြည့်နော် ငါမင်းကို ငါတို့လက်ထပ်ဖို့ကိုပြောမယ် ငါတို့နိုင်ငံမှာ တရားဝင်လက်ထပ်လို့မရပေမဲ့ ငါတို့ တိတ်တိတ်လေး ဘုရားကျောင်းတစ်ခုမှာလက်ထပ်ဖို့စီစဉ်ကြမယ်။

အခုကတော့ အိမ်မှာတစ်ယောက်ထဲ လက်ဆောင်ပြင်ရင်း ချက်ပြုတ်ပြီးပြီဆိုတော့ Jeon ပြန်အလာကို စောင့်နေရုံဘဲကျန်တော့တယ်။

Jeon အိမ်ထဲကိုဝင်လာတာနဲ့

" Jeon ပျော်ရွင်စရာ ချစ်သူသက်တမ်း ခုနှနစ်ပြည့်နော် ငါ့Jeon အများကြီးပင်ပန်းနေတာလား''

မျက်နှာလေးကိုကိုင်လိုက်ပေမဲ့ မင်းက ခေါင်းကိုရှောင်လိုက်တယ် ဘာလို့လဲ Jeon ။

" TaeHyung ငါတို့ လမ်းခွဲကရအောင် ''

ကျွန်တော် လန့်ပြီး နောက်ကိုတောင် ခြေလမ်းတွေဆုတ်လိုက်မိတယ်။

" Jeon မင်းဘာတွေပြောနေတာလဲ ကွာ... ဒါကနောက်စရာမဟုတ်ဘူးနော် ငါမကြိုက်ဘူး''

" ငါမင်းကိုမချစ်တော့ဘူး Taehyung ငါ့မှာ ချစ်ရတဲ့သူရှိနေပြီ ပြီးတော့ ငါတို့ရဲ့ relationship ကလဲ ကြာလာတော့ အေးစက်နေပြီဘဲကို ''

မျက်ရည်ကျမိတယ် ချစ်ရတဲ့သူရှိနေပြီ တဲ့လား ။

" Hanna မလား... ဘယ်အချိန်ထဲကလဲ''

" တစ်နှစ်ခွဲလောက်ရှိပြီ မင်းသူ့ကို ပြသနာတွေတော့မရှာဘူးမလား သူ့မှာ နှလုံးရောဂါရှိတယ်နော်''

ဟက် ခနဲ ရီလိုက်မိသည်။ ကျွန်တော်ဘယ်လိုလူစားလဲ သူမေ့သွားတယ်ထင်ပါတယ်။

" ငါက မင်းနဲ့ လက်ထပ်ဖို့ စီစဉ်နေခဲ့တာလေ ခုနှနှစ်တာ သက်တမ်းကို မင်းက ဖျတ်စီးပြစ်တော့မှာလား''

" တောင်းပန်ပါတယ် Taehyung ''

" ငါမင်းမရှိရင် သေမှာ Jeon မင်းသိလား... ငါမှမင်းတစ်ယောက်ဘဲရှိတာ ကွ ''

ဝမ်းနည်းတကြီးကျွန်တော်သူ့ကိုဖက်ပြီးငိုနေပေမဲ့ အရင်ကလို ပြန်လည်ဖက်တွယ်ထားခြင်းမရှိခဲ့ဘူး။

𝐿𝑜𝑣𝑒 𝐼𝑠 𝐺𝑜𝑛𝑒 ( Completed )Where stories live. Discover now