30.12.2019
" Happy Birthday ယောင်း ''
___________________________________________
30.12.2019
ဒီနေ့က Kim Tae Hyung ဆိုတဲ့ ငါရဲ့မွေးနေ့လေးပေါ့ ။ Jimin ကတော့ မမေ့မလျော့ လက်ဆောင်နဲ့ Birthday Wish လုပ်ပေမဲ့ မင်းကတော့ မိယောဂု ချက်ထားတာမြင်မှ သတိရခဲ့ပြီး
" Happy Birthday ယောင်း ''
ဒါမဲ့လဲ မင်းပြောတာမို့ ငါပျော်ပါတယ် ။ ဝမ်းနည်းတာလေးတော့ အတူတူ လျှောက်လည်ဖို့ မင်းအချိန်မပေးတာလေးကိုပါဘဲ။
" ကိုယ် အစည်းဝေးရှိလို့ ယောင်း နောက်မှ သွားကြတာပေါ့ ''
အင်းလေ... လုပ်ငန်းကြီးတစ်ခုလုံးကို ဦးစည်းနေတာ သူဘယ်အားပါ့မလဲ။ ဝမ်းနည်းမိတာ မင်းရုံးသွားတိုင်း ငါ့ကို အနမ်းပေးမသွားတော့တာကို။ အတွေးတွေနဲ့ မင်းအပေါ် ယုံကြည်မှုပျက်ပြားမှာငါမလိုလားဘူး
အဲ့ဒါကြောင့်ဘဲ တစ်ယောက်ထဲအပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။အလုပ်ထွက်လိုက်ပြီးထဲက ဘားမှလဲမလုပ်ဖြစ်အပြင်လဲမသွားဖြစ်တာမို့ ခြေဦးတည့်ရာသွားဖို့လုပ်လိုက်တယ်။
ဒါပေမဲ့ အဲ့လိုဆုံးဖြတ်တာ ငါမှားသွားခဲ့တယ်။
မင်းနဲ့ Hanna လက်တွဲပြီး လမ်းလျှောက်သွားတာကို မြင်လိုက်ရတဲ့အချိန်မှာပေါ့။မင်းပြန်လာတဲ့အချိန်ကို စောင့်ပြီး '' Jeon မင်း ဒီနေ့အပြင်သွားရသေးလား ''လို့ မေးပေမဲ့ အဖြေက အလိမ်ညာကြီးဖြစ်နေခဲ့တယ်
" ကိုယ်တစ်နေ့ကုန် ရုံးမှာပင်ပန်းနေတာမို့ အိပ်တော့မယ်''
အဲ့နေ့က အိပ်နေတဲ့ Jeon မျက်နှာလေးကို တစ်ညလုံးထိုင်ကြည့်နေမိတယ် ။ ငါ့အထင်တော့ Jeon ငါ့ကိုမချစ်တော့ဘူးထင်တယ်။
___________________________________________
YOU ARE READING
𝐿𝑜𝑣𝑒 𝐼𝑠 𝐺𝑜𝑛𝑒 ( Completed )
Historia Corta" I'm Sorry, Don't Leave Me!! Jeon ! I Know That Your Love Is Gone But Please! " -Kim TaeHyung Recommend song for this story - Slander ( Love is Gone ) Story By: Babe_J