Fourteen 💫

1.5K 117 17
                                    

6.4.2020

" Hanna ရဲ့ လူနာရှင်ဘယ်မှာလဲ ''

" ကျွန်တော်ဒီမှာပါ ''

" Hanna ရဲ့ နှလုံးအစားထိုးကုသမှု
အောင်မြင်ပါတယ်ရှင့်
နောက်တစ်နာရီဆို လူနာနဲ့တွေ့လို့ရပါပြီ''

Jungkook ကျေးဇူးတင်မိသည် နောက်ဆုံးတော့ Hanna အတွက် အလှူရှင်ပေါ်လာပြီဆိုတော့။
ဒီဘက်ကိုလှည့်ကြည့်တဲ့အချိန်မှာ သူ့အနားကို ပြေးလာတဲ့ Jimin ။

" Jimin ဘယ်လိုလုပ်...''

ခွပ်!

" လူစိတ်မရှိတဲ့ကောင် မကောင်းတဲ့အကောင် Taehyung ကိုလုပ်ရက်တယ်! မင်းမို့''

" ဘာတွေပြောနေတာတာလဲ ''

ခွပ် !

Yoongi က ထိုးတာပါခံလိုက်ရတာ မို့ ကြောင်ငေးစွာကြည့်နေတုန်း။

" မင်းပျော်တယ်မလား မင်းကောင်မ
စောက်သက်ရှင်တော့ !''

" ငါဒေါသထွက်လာပြီ ငါကိုဘားမှ မပြောကြဘဲ ဘာလို့ လာထိုးနေကြတာလဲ ''

" Taeလေး မရှိတော့ဘူး
သူငါတို့ကိုထားသွားပြီ ''

ရုတ်တရက်လန့်သွားပြီး။

" ဟာ...ခရီးသွားတာနေမှာပေါ့! "

" ခရီးလား ခရီးဆိုရင်တောင် ငါတို့ဆီပြန်မလာနိုင်တော့တဲ့ ကောင်ကင်ခရီးဘဲဖြစ်မှာ''

" ယောင်း ဘာဖြစ်တာလဲ ''

Yoongi အကျီကိုဆွဲပြီးမေးပေမဲ့ တွန်းထုတ်တာကို ခံလိုက်ရပြီး ။

" Taeလေးက ထာဝရအိပ်သွားပြီ''

TaeHyung လေးကိုထားတဲ့ ဆေးရုံအခန်းကို ကျွန်တော်ကိုခေါ်သွားပြတော့ ကုတင်ပေါ်မှာ မျက်လွာချရင်း အိပ်စက်နေတဲ့ ယောင်းလေးရဲ့ လက်မှာ ဓားရာကြီးနဲ့။

" မင်းကောင်မနဲ့နေရတော့မှာဆိုတော့ ပျော်တယ်မလား jungkook !''

အရမ်းငိုနေတဲ့ Jimin ကို Yoongi က အပြင်ကိုခေါ်ထုတ်သွားတဲ့ အချိန်မှာတော့ ကျွန်တော်တစ်ယောက်ထဲ ဒီအခန်းကြီးထဲမှ ကျန်နေခဲ့ရတယ်။

𝐿𝑜𝑣𝑒 𝐼𝑠 𝐺𝑜𝑛𝑒 ( Completed )Where stories live. Discover now