Ep 10(Unicode)

97 16 0
                                    

Jong In pov.....

'omma....သားလာတယ်.....
မရောက်ဖြစ်လို့တောင်းပန်ပါတယ်...
သား ommကိုမိတ်ဆက်ပေးချင်တဲ့
လူနှစ်ယောက်ရှိတယ်....သားဘဝရဲ့
အကောင်းဆုံးလူတွေပေါ့ အင်း.....

သားကောင်းကောင်းနေပါတယ်...omma
အရင်တုန်းကလောက် မဆိုးတော့ဘူး...သားကို
ဂရုစိုက်တဲ့လူရှိတော့ သားအားနာရမယ်လေ...'

မြေမို့မို့လေးပေါ်မှ အပင်ပေါက်လေးတွေကို
နုတ်ရင်း သူပြောနေမိသည်။ စိုက်ထူထားသည့်
မြေပေါ်ကျောက်ပြားမှစာလုံးလေးများကို လက်ဖြင့်
ခပ်ဖွဖွတို့ထိကာ ပြုံးလိုက်မိသည်....။

'omma...အဲမှာပျော်လား....အဆင်ပြေတယ်မလား...appaနဲ့မတွေ့ဖြစ်ဘူး....omma....
သားကိုလိုလေးသေးမရှိအောင်ထားပါတယ်....
Ommaစိတ်မပူပါနဲ့....ခုappaမှာလည်း
မိန်းမ သားသမီးနဲ့အေးချမ်းနေပါပြီ.......အားလုံးက
အဲလိုဘဲ သားလည်းသားချစ်တဲ့လူနှစ်ယောက်နဲ့
အေးအေးချမ်းချမ်လေးနေသွားတော့မယ်...
ပြီးတော့တောင်းပန်ပါတယ်....နောက်ဆို သား
ဒီကိုသိပ်ရောက်ဖြစ်မှာမဟုတ်တော့ဘူး.....'

မတ်တပ်ရပ်လိုက်ကာ ဂါရဝပြုလိုက်ပြီး
လှည့်ထွက်လာခဲ့သည်။ ဂျပန်သွေးပါတဲ့ omma
က Korea ကိုချစ်ပြီး appa Korea သားကို
ယူကာ ဂျပန်ကဘိုးဘွား(ommaမိဘ)တွေက
သမီးအဖြစ်ကစွန့်လွှတ်ခဲ့ကြတယ်....။ omma
ဆုံးတာတောင် လာမကြည့်ခဲ့ကြ....။

Ommaဆုံးတော့ ommaရဲ့နောက်ဆုံးဆန္ဒအတိုင်း
သူမမွေးရပ်ကို ခေါင်းချရာနေရာမှတ်ယူခဲ့သည်။

Ommaဆုံးပြီးမကြာခင်မှာဘဲ ommaအသစ်
ဟုဆိုကာ ခေါ်တင်ယူလာခဲ့တဲ့မိထွေးနဲ့ သူမ
သားသမီးတွေကို သူမမုန်းခဲ့သလို စိတ်လည်းမကွက်
ခဲ့ပါ....။ ဒါပေမဲ့ သူလစ်လျူရှူထာတွေများလာတော့
မိထွေးတို့ဘက်မှ တရားလွန်လာသည်။ နောက်တော့
သူနဲ့ appaကြားမှာပါသွေးခွဲလာတော့ သူသီးသန့်
ခွဲကာနေထိုင်လာခဲ့သည်။

သူက ဂျပန်စကားကိုပါကျွမ်းကျွမ်းကျင်ကျင်ပြောတက်
သောကြောင့် သူ့အတွက်ဒီနေရာကအထူးအဆန်း
မဟုတ်....။

နှစ်ပတ်လည်တိုင်း သူဂျပန်ကိုရောက်ဖြစ်တယ်။
ဂါရဝလာပြုပြီး နေရာမနံှ့လျှောက်လည်တယ်....။
နာမည်ကြီးဆိုင်တွေပတ်စားတယ် နှစ်ပတ်လောက်
နေပြီးမှ Korea ကိုပြန်သွားတက်တယ်....။

C H A N G E [Complete] Dove le storie prendono vita. Scoprilo ora