💓 နတ်သားပုံပြင် 💓
...........(သို့). ...........
💓 သုံးဘဝတိုင်ချစ်ရသူ 💓
•••Part (9)•••ရှောင်းကျန့် ထိုအဖွားပြောသလိုပင် လက်ထုတ်လိုက်သည်...ထို့နောက် ထိုအဖွားမှာ လက်ညိုးတစ်ချောင်းပါ ထုတ်ပြလာသဖြင့် ထိုအတိုင်း..ပြုလုပ်လိုက်ရာ..
အဖွားမှ သူ့လက်ညိုးနှင့်ရှောင်းကျန့်လက်ညိုးအား...ပူးကာ..ကြိုးနီတစ်ချောင်းဖြင့် ချည်လိုက်သည်...ထိုသို့ပြုလုပ်ပေးသည်နှင့် ရှောင်းကျန့်စိတ်နှင့်လူကင်းကွာသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက်...မျက်လုံးထဲတွင်..မြင်နေသည်က...ပစ္စုပ္ပန်မှ မြင်ကွင်းများမဟုတ်တော့ပဲ....နတ်ဘုရားဘဝ...နတ်သားဘဝနှင့်...ယခု လူ့ဘဝများဖြစ်ကာ...ရိပေါ်နှင့်သူ့၏ ရေစက်များကိုလည်း မြင်လာရသည်...
အဖွားအို သက်ပြင်းတစ်ချက်ချလိုက်ကာ မျက်လုံးများပြန်ပွင့်လာသည်နှင့်...ရှောင်းကျန့်လည်း အသိဝင်လာသလို..ရိပေါ်နှင့်ထိုအဖွားကို တစ်လှည့်စီနားမလည်သလိုကြည့်နေလေသည်...
ရိပေါ်ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ..
"အဖွား ကျေးဇူးတင်ပါတယ်...ကော လာပြန်ရအောင်..". .
"ဟင်..အင်းအင်း..အဖွားကျေးဇူးတင်ပါတယ်...ခွင့်ပြုပါဦး.."
အဖွား.."အင်း...ကောင်းပါပြီ..ဝေ့ရင်း..လန်ကျန့်...နတ်ဘုရားဘဝက မိစ္ဆာတွေရဲ့ ရန်ငြိုးတွေက တဖြည်းဖြည်း အစပြုလာပြီ...ရင်ဆိုင်နိုင်ဖို့ပြင်ထားကျပါ..."
YB. ."အဖွား အဲ့ဘဝကမိစ္ဆာတွေမှန်း ဘယ်လိုသိနိုင်လဲ. "
အဖွား.."သူတို့ရဲ့ ရပ်တည်မှုကို နှောက်ယှက်သလိုနှိမ်နင်းခြင်းခံရတဲ့ အငြိုးကြောင့် ဒီဘဝမှာတော့ သူတို့က တစ်ဖန်နှောက်ယှက်ခြင်းခံရမယ်..ဒါပေမယ့် ဦးတည်ရာစိတ်စေတနာခြင်း မတူတဲ့အတွက် သင်တို့ကို မထိခိုက်ပါဘူး...
နောက်ပြီး နတ်ဘုရားဘဝက အတူတူတိုက်ပွဲဝင်ခဲ့ကျတဲ့ နတ်ဘုရားစစ်သည်တွေလည်း သင်တို့နဲ့ ဘဝတစ်ခုတည်းမှာ ရှိနေပါတယ်...သင့်ကိုဝန်းရံကူညီပေးကျဦးမှာပါ..."

YOU ARE READING
💓 နတ်သားပုံပြင် 💓 (Completed)
Fanfiction💓 နတ်သားပုံပြင် 💓 ..........(သို့). ......... 💓 သုံးဘဝတိုင် ချစ်ရသူ 💓 •••••••••Yizhan•••••••••• 🔘 နတ်ဘုရားဘဝ.နတ်သားဘဝ.လူသားဘဝ ဘဝသုံးခုမှာ ချစ်သူဖြစ်တဲ့ ဇာတ်လမ်းပါ... 🔘 နတ်ဘုရားဘဝမှာ ချစ်သူနှစ်ဦး..အတူတူ မိစ္ဆာများကိုနှိမ်နင်းပြီး...လောကကို ကယ်...