💓 နတ်သားပုံပြင် 💓
...........(သို့). ...........
💓 သုံးဘဝတိုင်ချစ်ရသူ 💓
•••Part (6)•••"ဟမ်..အဲ ဟိုအိပ်လေ ရတာပေါ့..ဒါမင်းဦးလေးအိမ်ပဲဟာကို.."
"ဟုတ်..ဟိဟိ "
" ဟို အခန်းက နှစ်ခန်းရှိတယ်ဆိုတော့လေ.."
"ဟားဟား...ကော ဘာတွေတွေးနေတာလဲ..အိပ်ခန်းက နှစ်ခန်းတောင်ရှိနေတဲ့ဟာကို...ကျွန်တော်က ကောနဲ့ပဲအိပ်မှာပေါ့.."
"အော်..တော်သေးတာပေါ့..ဟင်း...အမ် 😳😳.."
"ဟားဟား စတာပါ ကျန့်ကောရာ...ကျွန်တော်လာရင် အိပ်နေကျအခန်းသပ်သပ်ရှိပါတယ်.."
"အော်..ဟုတ်လား အဟဲ..."
"ကော နက်ဖြန်ဘာလုပ်စရာရှိလဲ..."
"ငါ အလုပ်တစ်ခုခုရှာရမယ်ကွာ..Part Time ဖြစ်ဖြစ်လေ...ခုက သတင်းထောက်လုပ်ရတာ မလွယ်ဘူးကွာ..ငါနဲ့မကိုက်ဘူးထင်ပါတယ်...ဟိုတစ်ခါမင်းကူညီလို့သာ သတင်းတစ်ပုဒ်ရဖူးသွားတာ.."
"အင်း..ကော..ဒါဆို ကျွန်တော်ပါဝိုင်းရှာပေးမယ်.."
"အင်း..ကောင်းသားပဲ.. ဟိဟိ.."
"ကော ဘာလုပ်တတ်လဲ.."
"အဲ ငါလား..ဟီး..သတင်းထောက်ပဲလုပ်ဘူးတာဟ..အင်း ဘာမှမလုပ်ဘူးဘူး.."
"အင်း..ကောနဲ့ကိုက်မယ့်ဟာ တစ်ခုခုပေါ့..အင်း စကားများများပြောရမယ့် အလုပ်...အလုပ် အိုခေ ကျွန်တော်ရှာကြည့်ပါမယ်...ကောရာ..စိတ်မပူနဲ့... တကယ်လို့ ပိုက်ဆံလိုရင်လည်း ပြောပါ.မျှသုံးကျတာပေါ့ နော် ကော.."
"အင်းပါ...ရပါတယ်..ရှိသေးပါတယ်..အော် လန်ကျန့် "
"အင်း..ကော "
"ကျေးဇူးအရမ်းတင်ပါတယ်ကွာ..ဟီး"
ကျေးဇူးတင်စကားပြောအပြီး..မျက်လုံးလေးမှိတ်လုမတတ် ရယ်လိုက်ရာ ယုန်သွားလေးပေါ်လာကာ...နှုတ်ခမ်းလေးမှ လေးကိုင်းသဏ္ဍာန်ဖြစ်၍.. မှည့်နက်လေးပါ နှုတ်ခမ်းလေးနှင့်အတူ မြောက်ပါသွားခြင်းအား...ရိပေါ် အမှုမဲ့ ငေးနေမိသည်...
မည်မျှကြာသည်မသိ...
YOU ARE READING
💓 နတ်သားပုံပြင် 💓 (Completed)
Fanfic💓 နတ်သားပုံပြင် 💓 ..........(သို့). ......... 💓 သုံးဘဝတိုင် ချစ်ရသူ 💓 •••••••••Yizhan•••••••••• 🔘 နတ်ဘုရားဘဝ.နတ်သားဘဝ.လူသားဘဝ ဘဝသုံးခုမှာ ချစ်သူဖြစ်တဲ့ ဇာတ်လမ်းပါ... 🔘 နတ်ဘုရားဘဝမှာ ချစ်သူနှစ်ဦး..အတူတူ မိစ္ဆာများကိုနှိမ်နင်းပြီး...လောကကို ကယ်...