🔘 3 🔘

1.1K 123 2
                                    

💓 နတ်သားပုံပြင် 💓
...........(သို့). ...........
💓 သုံးဘဝတိုင်ချစ်ရသူ 💓
•••Part (3)

ရိပေါ်ခေါင်းတစ်ချက်ခါလိုက်ရင်း အိမ်ဆီဆက်၍မောင်းလာခဲ့သည်...
ရင်ထဲတွင်တော့ ရှောင်းကျန့်၏အခက်အခဲတစ်ခုကိုလည်း ကူညီရာရောက်၍ သူ့နှင့်လည်း ပို၍နီးကပ်လာတော့မည်မို့ ပျော်သလိုခံစားနေရသည်...

!အာ...ခုမှနှစ်ခါပဲတွေ့ဘူးတာကို...ငါက ဘာလို့အရမ်းစိတ်ထဲထည့်ရတာလဲ...ဒါပေမယ့် သူက ရိုးသားတဲ့ပုံပါ... ဟုတ်တယ် သူ့မျက်လုံးလေးတွေက တအားရိုးသားတယ်..!
..............................................................

"ဟိုလေ..အန်တီ..ကျွန်တော်အိမ်ပြောင်းတော့မှာမို့လို့ အိမ်လခတွေ ပြန်လာပေးပါမယ်နော် .."

"မလိုတော့ပါဘူး လူတစ်ယောက်ကမင်း အိမ်လခဘယ်လောက်ရှိလဲ သူပေးမယ်ဆိုပြီးလာပေးသွားတယ်"

"ဗျာ...ဘယ်သူများလဲမသိဘူး နာမည်က ဘာတဲ့လဲ.."

"မင်းကိုပြန်မပြောဖို့ပြောသွားတယ်..အင်း အဲ့လိုဆိုတော့ ဘယ်တော့အိမ်ပြောင်းမှာလဲ.."

"မနက်ဖြန်ပါ အန်တီ...ဒီနေ့ သတင်းတစ်ခုနောက်လိုက်ရမှာမို့ပါ..."

"အေးလေ ရပါတယ်...မင်းအဆင်ပြေသွားတာကြားရတာ ဝမ်းသာပါတယ်.."

"ဟုတ်ကဲ့ ဒါဆိုသွားလိုက်ပါဦးမယ် အန်တီ"

ရှောင်းကျန့် သတင်းယူရန် လန်ကျန့်ပြောထားသော နေရာသို့ Bus ဖြင့်သွားရင်း စဥ်းစားနေမိသည်...

: ဘယ်သူကများ ငါ့အိမ်ခန်းလစာတွေလာပေးသွားတာလဲ...လန်ကျန့်များလား...ဒီအကြောင်းတွေသိတာ သူပဲရှိတာပါ အဲ့လောက်လုပ်ပေးဖို့မလိုပါဘူး သူ့ကိုပဲသေချာမေးကြည့်ပြီး...ပြန်ပေးရမယ်..:
...................

ဝမ်ရိပေါ်လာမည်ဆိုသော Event ပြုလုပ်မည့်နေရာသို့ရောက်သောအခါ လူပင်စုစု စုစု ဖြင့်ဖြစ်နေပြီဖြစ်သည်..
ကျောပိုးအိတ်တစ်လုံး...ကင်မရာတစ်လုံးဖြင့်သူ့အား လုံခြုံရေးမှ...

💓 နတ်သားပုံပြင် 💓 (Completed)Where stories live. Discover now