MySoul🤍part-2(Zawgyi)

1.3K 93 14
                                    

My Soul [suicideလုပ်ဖို့ သုံးလအလို]
Part-2

ရှောင်းကျန့် ဒီနေ့မှ စိတ်ကူးပေါက်ပြီး အသစ်ဆက်ဆက်
ဝယ်လာတဲ့ အနက်ရောင်Diaryစာအုပ်လေးကို လှန်လိုက်
တယ်။

ပထမဦးဆုံးစာမျက်နှာအလယ်တည့်တည့်မှာ စ'ရေး
လိုက်တာကရက်စွဲတစ်ခုရယ်။ပြီးတော့နာမည်တစ်ခုရယ်။

July17,2019 / WangYibo

ဒါလေးပဲ!မှတ်ထားပြီးချရေးစရာလိုတာကဒီလောက်ပဲမို့။စာအုပ်လေးကိုပိတ်လို့ဗီရိုထဲသေချာပြန်ထည့်သိမ်းလိုက်
တယ်။

ပြီးတာနဲ့လက်ပတ်နာရီကိုတစ်ချက်ကြည့်ရင်း သက်ပြင်း
ရှည်တစ်ခု အချိန်ကြာမြင့်စွာဆွဲချလိုက်တယ်။

တစ်ရာခြောက်ဆယ့်ကိုးနာရီနဲ့မှဆယ်မိနစ်ရှိသွားခဲ့ပြီ။အလွယ်ပြောရရင်တော့ တစ်ပတ်ပေါ့။

ကောင်လေးက Dynamo ရဲ့ကိုယ်ပွါးလေးထင်ရလောက်ရဲ့။ကိုယ်ယောင်ဖျောက်သွားတာများသိပ်
တော်တယ်။

ကိုကို!ငါမင်းကိုသိပ်ချစ်တယ် ဆိုတဲ့မှော်ဂါထာ​လေး
ပါ ရွတ်သွားသေးတာ။ကျန်ခဲ့ရတဲ့လူ နှလုံးသားက
လှစ်လှစ်ကိုထ ကျန်ခဲ့ရော။

တစ်ခဏလေးပဲ!အချိန်အားဖြင့်သိပ်မကြာလိုက်ခဲ့ဘူး။
ဒါပေမဲ့ရူးပြီးကျန်နေရအောင်စီရင်သွားခဲ့တာတော့ သိပ်ကိုတရားလွန်တဲ့လုပ်ရပ်ပဲ။

တစ်စုံတစ်ရာရဲ့လွမ်းမိုးမှုကိုမခံယူသင့်ဘူးဆိုသော နိယာမတွေတစ်သီကြီးနဲ့ ဦးနှောက်ကလည်း အခု
အလုပ်လက်မဲ့ဖြစ်သွားလေရဲ့။

ဒီနောက်ပိုင်း ရှောင်းကျန့်နေ့တိုင်းလိုလို Coffeeဆိုင်ကိုသွားဖြစ်တယ်။coffee သောက်ချင်၍တော့မဟုတ်။ဝမ်
ရိပေါ်ဆိုသောအဖြူကောင်လေးနဲ့များ တွေ့လေလို
တွေ့လေငြားပေါ့။

ပျောက်သောသူကရှာရင်တွေ့ပါတယ်။ဒါပေမဲ့ တမင်
ရှောင်ပုန်းနေသူဆိုရင်ရော!

Coffee ဆိုင်သွားဖို့အရေး အခန်းရှေ့မှာ တံခါးLockချ
ပြီး မတ်တပ်ကြီးရပ်နေရင်းက ရုတ်တရက်အားမရှိ
တော့သလိုပဲ။

တကယ်ကြီးထိုအဖြူကောင်လေးက နှုတ်သရမ်းခဲ့တာလား?

Depression ဝင်တယ်ဆိုတာဒါမျိုးနေမှာ!တစ်သက်လုံးConfident ရှိလာခဲ့သမျှက ဝမ်ရိပေါ် နဲ့တွေ့မှ ခဲလေသမျှသဲရေကျပဲ။စိတ်အစဉ်ကခွန်အားမဲ့သွားတာများ
လား မသိပါဘူး။

My Soul[Suicideလုပျဖို့သုံးလအလို][suicideလုပ်ဖို့သုံးလအလို]Where stories live. Discover now