My Soul [suicideလုပ်ဖို့သုံးလအလို]
Part-3အလုပ်တွေလုပ်ရင်းလွမ်းခြင်းနဲ့ဆွေးခြင်း တစ်လှည့်စီ
လည်ပတ်နေတဲ့ရပ်ဝန်းမှာရှောင်းကျန့်ရှင်သန် နေထိုင်
တယ်။နွေလယ်ရဲ့သဘောသဘာဝကိုကလွမ်းဆွတ်ခြင်းအားဖော်ဆောင်နေတော့အဆွေးဓာတ်ခံရှိတဲ့ ရှောင်းကျန့်
တစ်ယောက် ခေါင်းမဖော်နိုင်လောက်အောင် လွမ်းနေ
ရတာဆန်းလား။တစ်ချို့ကအနေဝေးရင်သွေးအေးတယ်တဲ့။ ဒါကြောင့်
LDRSကမမြဲတာများတယ်ဆိုပဲ။ဒါဆိုရှောင်းကျန့်က
လူတစ်မျိုးဖြစ်လိမ့်မယ်။ဝမ်ရိပေါ် မျက်နှာတစ်ကမ္ဘာ
ထင်တဲ့လူမျိုး။ဒါကြောင့်ခြောက်လလွန်မြှောက်ပြီးတဲ့နေ့ မှာသွေးမအေးသွားတဲ့အပြင် သွေးနွေးသတ္တဝါလေးအဖြစ်လည်းတည်
ရှိနေသေးတယ်။ရှောင်းကျန့် တစ်ယောက် ပြီးခဲ့တဲ့သုံးလေးလလောက်က
မှအမှတ်မထင်Short Filmတစ်ခုနဲ့အောင်မြင်လာတာများလျှမ်းလျှမ်းတောက်။နှုတ်ခမ်းနီမလေးတွေအသည်းစွဲဆိုပြီးနေ့ချင်းညချင်း
နာမည်ကြီးလာတာကြောင့်dramaတောင်မပြရသေးဘူး။တတ်လိုက်ရတဲ့ပွဲတွေနဲ့ရိုက်လိုက်ရတဲ့ကြော်ငြာတွေ။Scheduleအပြည့်ပင်။အချို့ကစန်းထလာတဲ့အချိန်တို့ဇာတာတတ်လာတာတို့ပြောကြတယ်။
သူ့အထင်တော့ကံတရားက ဝမ်ရိပေါ်ဆန်တာ။တကယ်ကပဥ္စလက်ဆန်တယ်ပြောချင်တာဗျာ။ဝမ်ရိပေါ်ကလည်းအဲ့လို လူစားပဲလေ။အတူတူပဲပေါ့။
ဘာမှလာမပြောပါနဲ့။အခုချိန်မှာဘာမေးမေး ဝမ်ရိပေါ်ပဲထွက်နေမဲ့ ရှောင်းကျန့်ကအခြေအနေမကောင်းပါဘူး။Emergency ဝင်ရတော့မဲ့ အခြေအနေ။
ဟူး....လွမ်းလိုက်ရတာလည်း တနင့်တပိုးကြီး!
ဒီနေ့ကApril24။ဝမ်ရိပေါ်ပြောသွားတဲ့ခြောက်လတင်း
တင်း ပြည့်တဲ့နေ့။သေချာပေါက်ဒီနေ့လာတွေ့မယ်ထင်တာပဲ။ဒါကြောင့် schedule တွေမအားတဲ့ကြားထဲကနားရက်ယူပြီးအိမ်
မှာထိုင်စောင့်နေတာ။ပြီးတော့Diaryရဲ့နောက်ဆုံးစာ
မျက်နှာကNicknameရဲ့အဓိပ္ပာယ်နဲ့ပဟေဠိအချို့
အတွက်ဒီနေ့အဖြေရနိုင်လောက်ရဲ့။
YOU ARE READING
My Soul[Suicideလုပ်ဖို့သုံးလအလို][suicideလုပ္ဖို့သုံးလအလို]
FanfictionShort story ! Nov23,2020