MySoul🤍part-4(unicode)Final

3.7K 336 14
                                    

My Soul [suicideလုပ်ဖို့ သုံးလအလို]
Part-4(ဇာတ်သိမ်းပိုင်း)

မုန်တိုင်းကြေညာချက် ထုတ်ပြန်ထား​တာတောင်ရာသီဥတုကသာယာနေဆဲ။

ရှောင်းကျန့်လှပ်ထားတဲ့ပြတင်းတံခါးဘောင်ကိုမှီလို့
Coffeeတစ်ခွက်ကိုင်ရင်း တဖွဲဖွဲကျနေတဲ့ မိုးရေစက်တွေ ကြားက မှိုင်းညို့နေတဲ့ကောင်းကင်ထုကြီးကိုငေးမော့
ကြည့်လိုက်တယ်။

ဒီနေ့က တကယ်ကိုသူတို့စတွေ့တုန်းကနေ့လေးအတိုင်းပါပဲ!

coffee ရဲ့ခါးသက်မှုကိုတစ်ငုံလောက်အရသာခံလိုက်ရင်း
နိယာမသဘောတရားတွေကို ဆင်ခြင်တွေးတောမိတယ်။

သဘာဝလွန်ဖြစ်ရပ်ဆန်းတွေ နဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံတွေ့ရတဲ့အခါရင်မောရတာဓမ္မတာပါပဲ။ဒါကိုမှထိုဖြစ်ရပ်တွေနဲ့ တွယ်နှောင်ထားချင်လာတဲ့အခါ အလဲအထပ်
လည်း များရသလို။အလျှော်အစားလည်း ကြီးနေတတ်
တယ်။

ဒါကြောင့် ခန္ဓာကိုယ်တွင်းကလေပူတစ်ချို့ကို နှာခေါင်းမှတဆင့်မှုတ်ထုတ်လို့ ပူပန်စိတ်တွေကိုဖြေလျော့လိုက်
တယ်။

လွန်ခဲ့တဲ့တစ်နှစ်တိတိလောက်ကရှောင်းကျန့်စိတ်ကူးထဲမှာသရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့ ရည်မှန်းချက်အပြင်
ကျန်တဲ့လိုချင်စွဲကပ်မှုဘယ်အရာမှမရှိခဲ့ဘူး။

အယ့်!ဒီနေ့လိုနေ့မျိုး ကြုံပြီးတဲ့နောက်ပိုင်းမှာတော့တပ်
မက်လိုချင်စရာလေးတစ်ခုပေါက်ပေါက်လာခဲ့တယ်။

အဲ့ဒါက ကော်ပတ်ရုပ်ကလေး ဝမ်ရိပေါ်!ဝမ်ရိပေါ်ကလေ သူ့ဘဝအပြင်နှလုံးခုန်သံတွေရောစိတ်ဝိဉာဉ်တွေကိုပါပြောင်းတိပြောင်းပြန်နဲ့ ကပေါက်တိကပေါက်ချာ
နိုင်စေခဲ့တဲ့မှော်ဝင်ကော်ပတ်ရုပ်လေး။

ယခုလက်ရှိဖြစ်တည်နေတဲ့အောင်မြင်မှုတွေ၊ရှောင်းကျန့်
မျှော်လင့်ခဲ့သလိုတဖြည်းဖြည်းနဲ့နာမည်တတ်လာတဲ့သရုပ်
ဆောင်တစ်ယောက်အဖြစ်ရှင်သန်ရပ်တည်နေမှုတွေ။

အရာအားလုံးနဲ့ ထိုကော်ပတ်ရုပ်လေးမှာရှောင်းကျန့်ကဘယ်အရာကိုရွေးချယ်လိုက်မယ်လို့ ထင်သလဲ?

My Soul[Suicideလုပ်ဖို့သုံးလအလို][suicideလုပ္ဖို့သုံးလအလို]Where stories live. Discover now