Blind and psycho - 2

961 117 14
                                    

ကားထဲမှာနေခိုင်းခဲ့ပင်ပဲ ခွေးတစ်ကောင်ပိုက်ပြီး
ကားဘေးရောက်နေတဲ့ ရှောင်းကျန့်ကြောင့်
ဦးလေးရိ ရှောင်းကျန့်ရှိနေတဲ့နေရာကို ခပ်သွက်
သွက်လျှောက်လာခဲ့လိုက်သည်..။

"သားရှောင်းကျန့်...ဘယ်လိုလုပ် အောက်ကို
ဆင်းလာတာလဲ..."

အနောက်ဘက်ကနေ ကြားလိုက်ရတဲ့ ဦးလေးရိရဲ့
အသံကြောင့် ရှောင်းကျန့် အနောက်ဘက်ကို
လှည့်ကြည့်တယ်..။သူမမြင်ရပင်မဲ့လည်းပေါ့..။

*ခုက ဦးလေးရိဆိုရင် ခုနကဘယ်သူလဲ...*

ဦးလေးရိက ရှောင်းကျန့်လက်ထဲက ခွေးကိုယူပြီး
ရှောင်းကျန့်ကိုလှမ်းတွဲတယ်...။

"ဦးလေးရိ ဒီနားမှာ ကျွန်တော်တို့အပြင်
ဘယ်သူရှိသေးလဲဟင်.."

"ဘာဖြစ်လို့လဲသားရဲ့ ဘယ်သူမှ မရှိပါဘူး..."

"ဟမ်..ဘယ်သူမှာမရှိဘူးလား.."

"ဒီက ခြံတွေက ကျယ်တော့ အိမ်ခြေလည်းမစိပ်ဘူး
သားရဲ့ လူသွားလူလာနည်းတယ်..."

ရှောင်းကျန့်စိတ်ထဲ နည်းနည်းလေးတော့ တွေဝေ
သွားတယ်။လူတစ်ယောက်ရှိနေခဲ့တာ သူသိသည်လေ..။

"ဟုတ်ကဲ့ ဦးလေးရိ.."

ရှောင်းကျန့် အိမ်ကြီးထဲကို စဝင်လိုက်တာနဲ့
ရလိုက်တဲ့ဖုန်နံ့ကြောင့် အိမ်ကလူမနေတာ အတော်
ကြာနေလောက်ပြီမှန်း မမြင်ရပင်မဲ့ တွေးကြည့်လို့
ရသွားသည်..။

"ဖြည်းဖြည်းလျှောက်နော်သား..."

"ဟုတ်ကဲ့..."
ရှောင်းကျန့် ဟုတ်ကဲ့လို့သာ အဆင်ပြေသလိုပြော
လိုက်ရပင်မဲ့ တကယ်တမ်းတော့အဆင်ပြေမနေ..။
သွားနေကြ အိမ်လမ်းမဟုတ်တော့ အမှတ်အသား
တွေက အသစ်တွေဖြစ်နေသည်...။

*မျက်စိအဆုံး နားအရှုံးဆိုတာ တကယ်ကိုမှန်ပါ
လားနော်..။ခက်ခဲလိုက်တာ...*
-
-
-
-
-
"သားဒီမှာနေမှာ သေချာသွားပြီလား..."
ဦးလေးရိ စကားကို ရှောင်းကျန့်က ပြုံးရင်းခေါင်း
အသာငြိမ့်ပြသည်..။

"သားအဆင်ပြေမယ်လို့တော့ ဦးလေးရိမထင်ဘူး...ဒီမှာက ဘာမှရှိတာမဟုတ်ဘူး..."

Blind and psychoWhere stories live. Discover now