Blind and psycho - 3

1.2K 143 40
                                    

ရိပေါ်ရှောင်းကျန့်ကိုတွဲရင်း အိမ်ထဲသို့ဝင်လာခဲ့သည်။
ခုံတစ်ခုမှာနေရာချပေးရင်း ရိပေါ်ရှောင်းကျန့်ကို
စေ့စေ့စပ်စပ် ခြေဆုံးခေါင်းဆုံးကြည့်မိတယ်..။

နီထွေးနေတဲ့နှုတ်ခမ်း ၊မျက်မမြင်တစ်ယောက်
ဖြစ်နေပင်မဲ့ ကြည်လင်တောက်ပလွန်းနေတဲ့
မျက်လုံးအိမ်ကြည်ကြည်လေးတွေ ။ရယ်လိုက်ရင်
ပေါ်လာတက်သည့် ယုန်သွားလေးတွေက
ရိပေါ်ရဲ့စိတ်အတွင်း ရှောင်းကျန့်ကို စတင်စွဲလမ်းစ
ပြုလေသည်..။

ခုံတစ်ခုံယူပေးကာထိုင်ခိုင်းပြီးကတည်းက
အတန်ကြာအောင် တိတ်ဆိတ်နေတဲ့ ပတ်ဝန်း
ကျင်ကြောင့်.."ဝမ်လေး..."

ရိပေါ် တိတ်ဆိတ်ငြိမ်သက်စွာ
ရှောင်းကျန့်ကို စိုက်ကြည့်နေသည်။
အနီးနားတွင်ရှိနေပါသော်လည်း ပြန်ထူးသံမရှိ...။

ပြန်ထူးသံမလာတာကြောင့် ရှောင်းကျန့် ရိပေါ်
ပြန်သွားပြီလို့သာ တွေးလိုက်တယ်..။

*ပြန်ပြီလို့တောင် နှုတ်ဆက်မသွားဘူး..*

ရှောင်းကျန့် သူ့အခန်းထဲပြန်ဝင်နေရန် ခုံတွေကို လက်နဲ့စမ်းရင်း သူ့ဦးတည်
ရာကို ရှာသည်..။

ရိပေါ်တိတ်ဆိတ်နေပင်မဲ့ ရှောင်းကျန့် ပြုလုပ်နေ
သမျှကို သူမျက်နှာမလွှဲ အနီးကပ်လိုက်ကြည့်
မိတယ်..။
တကယ်မျက်လုံးမမြင်ဘူးဆိုတာ သေချာသွားမှ
ရိပေါ်ဟက်ခနဲပြုံးရင်း အသံပြုသည်..။

"ကျွန်တော်လိုက်ပို့မယ်လေ..။ကျန့်ကော..
ဘယ်သွားမလို့လဲ "

ဘယ်သူမှ မရှိဘူးလို့ထင်လိုက်ပင်မဲ့
အနားနားကပ် ကြားလိုက်ရတဲ့ အသံကြောင့်
ရှောင်းကျန့်လန့်ပြီး တုန်သွားတယ်..။

"လန့်သွားတာလား...."

ရှောင်းကျန့်ကတော့ ထုံးစံအတိုင်း ယုန်သွား
တွေပေါ်သည်ထိရယ်ရင်း..ခေါင်းခါပြတယ်

"မလန့်ပါဘူး...ပြန်ပြီထင်နေတာ"

ရှောင်းကျန့် မျက်နှာမူပြီး စကားပြောနေသည့်
နေရာက မှားနေတာကြောင့် ဝမ်ရိပေါ်
ရှောင်းကျန့်ရဲ့ ပုခုံးကိုကိုင်ကာ သူ့ဘက်ဆွဲလှည့်
လိုက်သည်..။

You've reached the end of published parts.

⏰ Last updated: Dec 03, 2020 ⏰

Add this story to your Library to get notified about new parts!

Blind and psychoWhere stories live. Discover now