Blind and psycho - 1

2.1K 134 5
                                    


"အားးးး..လွတ်ပေးစမ်း အရူးကောင် မင်းအရူးပဲ
အားးး..."

တရုတ်နိုင်ငံ မြို့လေးတစ်ခု၏ အထက်တန်း
ကျောင်းဆောင်ဘက်မှ ထွက်ပေါ်လာသော
ယောကျာ်းလေးတစ်ယောက်၏ စူးဝါးသော
အော်သံ...။

"အင်း..အရူးဟုတ်တယ်..မင်းမှန်တယ်
မင်းဘာဖြစ်ချင်လဲ.."

ဝမ်ရိပေါ် ထိုသို့ ပြောနေရင်းမှ ထိုကျောင်းသား၏
လက်ခုံပေါ် ထိုးစိုက်ထားသော ထောက်ဆူးကို
အားနဲ့စွက်ခနဲ ဆွဲယူလိုက်သည်..။

လွန်ခဲ့သော မိနစ်အနည်းငယ်က...။
စာသင်ချိန်ပြည့်၍ ဆရာထွက်သွားပြီး ကျောကွယ်
တာနဲ့တိတ်ဆိတ်နေသောအခန်းငယ်က ပြန်လည်
ဆူညံလာသည်..။

ပြတင်းပေါက်ဘောင်နှင့် ကပ်လျက်ရှိသော
အနောက်ဆုံးတန်းခုံလေးမှာတော့..အကြည့်စူးစူး
တွေရှိသည့် ကောင်လေးမှောက်လို့အိပ်နေသည်..။

ဆယ်ကျော်သက်အရွယ် ခပ်ဆိုးဆိုး ကျောင်းသား
တွေပီပီ လူငယ်တွေကတော့ သင်ပုန်းမှာ
ဆွဲချင်ရာတွေရေးဆွဲလို့ လှောင်ပြောင်နေကြသည်..။
မိန်းကလေးတွေကလည်း မိန်းကလေးအလျောက်
ဆူညံနေကြသည်..။

မှောက်အိပ်နေတဲ့ခုံပေါ် ကျလာသည် ဖိနပ်တစ်
ဖက်ကြောင့် ရိပေါ် မျက်မှောင်ကျုံ့လျက် ခေါင်း
ထောင်လာသည်...။
အနည်းငယ် ရွှံ့ပေပြီးညစ်ပတ်နေသည့် ဖိနပ်ကို
ကြည့်ရင်း ရိပေါ်တည်ငြိမ်စွာပဲ ခုံပေါ်မှ တွန်းချလိုက်
သည်..။

ရိပေါ်လုပ်သမျှကို ခပ်လှမ်းလှမ်းကနေ ပီကေကို
ခပ်ဆက်ဆက်ဝါးရင်း အခန်းတွင်းအုပ်စုဖွဲ့၍
ရမ်းကားတက်သော ကျောင်းသားတစ်စုက ရန်လို
ရန်စချင်သော အကြည့်များနှင့် ရိပေါ်
အနားသို့တိုးကပ်လာကြသည်..။

ရေခဲရိုက် မျက်နှာပေးနဲ့ ထိုင်နေသည့် ရိပေါ်က
ထိုအုပ်စု သူ့အနားကပ်လာမှန်းသိတော့ ဘာဖြစ်ချင်
လဲ ဆိုသည့်မျက်နှာပေးနဲ့ မျက်လွှာပင့်ကြည့်တယ်။

ထိုင်ခုံလေး တစ်ခုံကို လူဆယ်ယောက်လောက်
ဝိုင်အုံနေသည့် အခြေနေတစ်ခုမှာ အခြားသူသာ
ဆိုလျှင် ထိုကျောင်းသာကို အစ်ကိုကြီး ကျွန်တော်
မှားပါတယ် ဆိုတဲ့စကားနဲ့ ဒူးဖက်တောင်း
ပန်နေလောက်ပြီ...။

Blind and psychoWhere stories live. Discover now