Ep 1

1.3K 128 4
                                    

(Zawgyi ver)

စက္ကန့်လက်တံမှ တစ်ချက်ချက်မြည်သံနဲ့အတူ
သွေးကြောစိမ်းလေးများ ယှက်သန်းနေသော
လက်ကောက်ဝတ်လေးထက်၌လည်း ခက်ချွန်ချွန်
ဓားတစ်ချောင်းသည် လှလှပပပြေးလွှားလျက်. . .

ဖြူလွှလွှ အိပ်ယာခင်းထက်၌ တစ်စက်ချင်း
စီးကျနေသော သွေးစက်တို့ကို အပြုံးတစ်ပွင့်ဖြင့်
စူးစိုက်ကြည့်နေမိသည်

"မနာဘူးလား?" ဆိုတဲ့မေးခွန်းမျိုးကို တစ်စုံတစ်ယောက်မှမေးမြန်း လာလျှင်
အပြုံးမပျက်ပဲ. . .

နာကျင်မှု...နာကျင်မှုလား

ဘယ်နာကျင်မှုကိုပြောချင်တာလဲ?
ဓားကြောင့်ဖြစ်ပေါ်လာတဲ့ လက်ကောက်ဝတ်ထက်က
နာကျင်မှုလား?

အသည်းအသက်ထက်ချစ်မြတ်နိုးရတဲ့ လူသားကို
ဆုံးရှုံးမှကြောင့် ဖြစ်ပေါ်လာတဲ့ရင်ဘတ်ထဲက နာကျင်မှုလား??

သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ အသားနာကျင်မှုဟာ
ကျွန်တော့ကလေး ခံစားခဲ့ရတဲ့နာကျင်မှုကို ဘယ်မှီပါ့မလဲ

ချစ်ရသူကိုဆုံးရှုံးသွားတဲ့ ကျွန်တော့ရင်ဘတ်ထဲက နာကျင်မှုဟာ ကျွန်တော့ကလေးလေး သုံးနှစ်တာ ခံစားခဲ့ရတဲ့ နာကျင်မှုကို ဘယ်ယှဉ်နိုင်ပါ့မလဲ

ကျွန်တော်မှားခဲ့တဲ့အပြစ်တွေကြောင့် ဒီလောက်တော့
နာကျင်သင့်တယ်မှတ်လား?? သုံးနှစ်တာလုံး ပင်ပန်း
နာကျင်ခဲ့ရပြီး ချစ်သူရဲ့သစ္စာဖောက်မှုကို ခံခဲ့ရတဲ့ ကလေးအတွက် မိနစ်ပိုင်းလောက်နာကျင်နေရတဲ့ ကျွန်တော့်လက်ကောက်ဝတ်ထက်က နာကျင်မှုဟာ

စာဖွဲ့စရာမရှိပါဘူး. . .

ပမဏများလာသော သွေးယိုစီးမှုနဲ့အတူ
တစ်ကိုယ်လုံးရှိသမျှ အကြောများတောင့်တင်းနေလေပြီ

လက်ဖျားခြေဖျားများ အေးစက်လာကာ မျက်ခွံများပါ
လေးလံလာပြီ

မျှော်လင့်နေမိပါတယ်. . .ချစ်ရသူရဲ့
ဖြူစင်တဲ့အပြုံးလေးကို
တောင်းတနေမိပါတယ်. . .ချစ်ရသူရဲ့
နှုတ်ခမ်းပါးထက်မှ အနမ်းချိုချိုကို
တမ်းတနေမိပါတယ်. . .ချစ်ရသူရဲ့
နွေးထွေးကျင်နာမှုတို့ကို
လိုချင်မိပါတယ်. . .ချစ်ရသူရဲ့ ခွင့်လွှတ်မှုကို

Mistake [Completed]Where stories live. Discover now