I Wish : A Long Sleep(Zawgyi)

19 2 0
                                    

ချစ်ရသူအတွက်ဆို  နာကျင်ရရင်တောင်
မမှုပါဘူးလို့   ခင်ဗျားတို့ဆိုကြတယ်မလား
ကျွန်တော်ကတော့အဲ့လိုမထင်ဘူး
တကယ်တော့ခင်ဗျားတို့ဟာ နာကျင်မှုကို
အံ့တုနိုင်ခဲ့တာမဟုတ်ဘဲ နာပါများလို့
ထုံသွားကြရုံသက်သက်ပါဗျာ..
______________________________________

ဆေးရုံတစ်ခုတွင်...
"တူလေး! သားသျှားရိပ် ဘယ်လိုတွေဖြစ်ရ
တာလဲကွာ ဦးလေးကိုပြောကြပါဦး"

ခရီးလွန်နေသောဦးဇေယျတစ်ယောက်တစ်ဦး
တည်းသောတူလေးဆေးရုံတင်ထားရတယ်
ဆိုလို့အလောတကြီးရောက်လာလေရဲ့။

လင်းရောင်သစ် : အော် ဦးလေးပါလား
ကျွန်တော်မျိုးကဆေးရုံဆင်းမှလာတော့မယ်
ထင်လို့ ဟားဟား
ဦးဇေယျ : ဟေ့ကောင်မင်းဒီလောက်ဖြစ်
တာတောင်နောက်နိုင်သေးတယ်မင်းဦးလေး
ငါ့မှာတော့မင်းဒီလိုဖြစ်တယ်ဆိုလိုရတဲ့Flightနဲ့
အမြန်ပြေးလာရတာကွ!!
သျှားရိပ်ကို : ဦးလေးလဲခရီးကရောက်ရောက်
ချင်းဒီကိုလာရတော့ပင်းပန်းနေမှာပဲ
ဦးဇေယျ : လူပင်ပန်းတာထက်စိတ်ပင်ပန်းတာ
သားရေ လေယာဉ်တွေကလည်း အရေးကြီးမှ
လက်မှတ်ကချက်ချင်းမရဘူး အဲ့တာထားပါဦး
တူလေးမင်းမျက်နှာမှာလဲ ဒဏ်ရာတွေနဲ့မင်း
ရန်ဖြစ်ခဲ့တာလားဘယ်ကဘယ်လိုစဖြစ်ပြီးဒီ
လောက်အခြေနေဖြစ်သွားတာလဲဦးလေးခုန
ထဲကမေးနေတာတစ်ယောက်မှလဲမဖြေကြဘူး
သျှားရိပ်ကို : အဲ့ အဲ့တာကလေ...

ဦးဇေယျမေးသောမေးခွန်းမှာရိုးရှင်းသော်လည်း
အဖြစ်ပျက်တွေဟာရှုပ်ထွေးလှတာမို့သျှားရိပ်ကို
တစ်စုံတစ်ရာကိုစိုးရိမ်လျက် ပြောပြဖို့တွန့်ဆုတ်
နေခဲ့တယ်။

လင်းရောင်သစ် : လှေကားပေါ်ကပြုတ်ကျတာ
သျှားရိပ်ကို : ဟမ်

မင်းဘာတွေပြောနေတာလဲရောင်သစ်အဖြစ်
မှန်ကအဲ့လိုမဟုတ်ဘူးလေကွာ
သျှားရိပ်ကိုခေါင်းထဲထိုကဲ့သို့အတွေးများနှင့်
လင်းရောင်သစ်ကိုနားမလည်နိုင်တော့ပါ။

ဦးဇေယျ : လှေကားပေါ်ကပြုတ်ကြတယ်?
လင်းရောင်သစ် : ဟုတ်တယ်ဦးလေးရ
ကျွန်တော်လှေကားပေါက်ခြေချော်ပြီးပြုတ်ကျ
တာဖြစ်ချင်တော့လှေကားဘောင်နဲ့ဗိုက်နဲ့ပါ
ဆောင့်မိပြီး အရင်ရောဂါကပါပြန်ထရော
အဲ့တာကြောင့်အဲ့နေရာတင်သတိပါမေ့သွားတာသျှားရိပ်ကအိမ်လာလည်ရင်းတွေ့လို့ဆေးရုံ
ခေါ်လာတာပဲ ဟုတ်တယ်မလား သျှားရိပ်
သျှားရိပ်ကို : ဟင် အင်း...
ဦးဇေယျ : မင်းကွာလုပ်လိုက်ရင်နမော်နမဲ့နဲ့
သားသျှားရိပ်သာရောက်မလာလို့မင်းတစ်ခုခု
ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ပေါ့တိပေါ့ပျက်
ကောင် ငါထရိုက်ရင်သေတော့မယ်မင်းတော့
တောက်!
သျှားရိပ်ကို : ဒေါသကိုလျှော့ပါဦး ဦးလေရယ်
ရောင်သစ်လည်းသိပ်နေကောင်းသေးတာမှ
မဟုတ်တာ
ဦးဇေယျ : ငါ့သားလည်းဒီကောင့်ကြောင့်ပင်ပန်းသွားပြီ ကဲသားဦးလေးလည်းရောက်လာပြီဆို
တော့သားသျှားရိပ်လည်းအိမ်ပြန်နားတော့သား
မိဘတွေလဲစိတ်ပူနေတော့မယ်
သျှားရိပ်ကို : ရပါတယ်ဦးလေး ကျွန်တော်
မေမေနဲ့ဖေဖေ့ကိုပြောထားပြီးပါပြီဦးလေးသာ
ခရီးကရောက်ရောက်ချင်းဆိုတော့အိမ်ပြန်နား
ပါဦးလား
လင်းရောင်သစ် : ကဲပါသျှားရိပ်ရာမင်းသာ
အိမ်ပြန်နားတော့မင်းတစ်ညလုံးလည်းငါ့ကို
စောင့်ပေးနေရတာမလား အိမ်ပြန်ပြီးအိပ်တော့
သျှားရိပ်ကို : အင်းပါ ငါညနေတစ်ခေါက်ပြန်
လာခဲ့မယ်
ဦးဇေယျ : ဒါဆိုဦးလေးလဲreceptionမှာငွေ
သွားရှင်းလိုက်ဦးမယ်
သျှားရိပ်ကို : အဲ့တာဆိုဦးလေးပြန်လာမှပဲ
ကျွန်တော်သွားမယ်လေ နမို့ဆိုလူနာက
တစ်ယောက်တည်းဖြစ်နေမှာ
ဦးဇေယျ : အေးကွယ် ဒီမျောက်ကခဏတောင်
စိတ်မချရဘူးအဲ့တာဆိုသားသျှားရိပ်ခဏစောင့်
ဦးလေးအမြန်ပြန်လာခဲ့မယ်
လင်းရောင်သစ် : အော် ကျွန်တော်ကသုံးနှစ်
သားလေးဆိုတော့စိတ်မချတာနဲ့ဘာနဲ့
ဦးဇေယျ : ဒီ.....ငါဆေးရုံမှာမို့လိုတေနော် ဟွန်း
လင်းရောင်သစ် : ဒီ..ဘာဖြစ်လဲဆက်ပြောပါဦး
ဦးလေးရဲ့ကျွန်တော်မျိုးနားထောင်နေပါတယ်
ပြောပါဦးပြောပြော
ဦးဇေယျေ : အေး မင်းလုပ်ထားနေကောင်းမှ
ငါ့အကြောင်းသိမယ်

I Wish : Not 3Where stories live. Discover now