I Wish : Mine(Unicode)

30 7 0
                                    

တစ်စုံတစ်ယောက်ဟာခင်ဗျားတို့ရဲ့
နှလုံးသားထဲမှာသာရှိပြီး ကိုယ့်အပိုင်ပါလို့လက်ဆုပ်လက် ကိုင်မပြနိုင်ခဲ့အခါ....
သိပ်နာကျင်ရတယ်မလား?
______________________________________

အပေါ်ယံကြည့်ရင်ခမ်းနားလှပါတယ်ဆိုတဲ့
စံအိမ်ထဲမှာတော့ အထီးကျန်မှု အတ္တတွေနဲ့ အမုန်းတရားတွေဟာ စစ်သွေးမာန်ရဲ့ဒေါသ မီးတွေကိုလောင်စာအဖြစ်ကူပေးနေရင်း
အသိ စိတ်တွေကိုပါလောင်ကျွမ်းပစ်လိုက်တဲ့အခါ...

စစ်သွေးမာန် : မင်းသွားသေလိုက်တော့
လင်း ရောင်သစ်!! မင်းမရှိမှအေးမှာ
သျှားရိပ်ကို ဆိုတာငါ့အတွက်ပဲ သူ့နှလုံးသား ရောသူ့ဘဝကိုရောငါကပဲအပိုင်သိမ်းမှာ
မင်းနား လည်လား ဟာ...... သေစမ်းကွာ!!!

လင်းရောင်သစ်ကိုထိုးကြိတ်ပြီးအပေါ်စီးကနေ လည်ပင်းကိုအားကုန်ဖိညှစ်ထားတဲ့ကျွန်တော် အခုချိန်ခေါင်းထဲမှာတစ်ခုပဲရှိတယ်....
"မင်းမရှိမှသျှားနဲ့ငါပျော်ရွှင်ရမှာမင်းကိုငါ သတ်မယ် လင်းရောင်သစ်"

တိုက်ဆိုင်စွာနဲ့.......

"စစ်သွေးမာန်!!! မင်းဒါဘာလုပ်တာလဲ!!!!"

စိတ်နဲ့ကိုယ်ကိုပြန်ကပ်စေပြီးတစ်ပြိုက်နက် စစ်သွေးမာန်ကိုတုန်လှုပ်သွားစေတဲ့ထို
အသံ လေး ရပ်တန့်သွားတဲ့စစ်သွေးမာန်ကိုသျှားရိပ်ကိုတွန်းဖယ်လိုက်ရင်းသတိမေ့နေတဲ့လင်းရောင်သစ်ကို မပြီးပေါင်ပေါ်တင်လိုက်တယ်။

သျှားရိပ်ကို : ရောင်သစ် သတိထားပါဦး ရောင်သစ် ငါပြောနေတယ်လေ လင်းရောင်သစ် ကျွန်တော်ရောင်သစ်မျက်နှာကိုကိုင်ပြီးသတိရ လိုရငြားအတင်းလှုပ်နှိုးနေမိတယ်။
လင်းရောင်သစ် : ငါ... ငါဗိုက်တွေအရမ်း... အောင့်တယ် အာ့...

ဗိုက်နေရာကိုဖိရင်းအားတင်းကာပြောနေ သောလင်းရောင်သစ်ကိုကြည့်ပြီးသျှားရိပ်ကို ရင်ထဲအရမ်းပူလာတယ် ဖုန်းကိုအမြန်ထုပ်လိုက်ပြီးဆေးရုံကိုသာဖုန်းဆက်လိုက်တယ်။

သျှားရိပ်ကို : ဟယ်လို ကျွန်တော့်သူငယ်ချင်း အရေးပေါ်ဖြစ်နေလို့ ကျေးဇူးပြုပြီး အမြန်လာ ပေးပါ ကျွန်..ကျွန်တော့်သူငယ်ချင်းကိုကယ်ပေး ကြပါ ရောင်သစ်ကို
ကယ်ပေးကြပါဗျာ

I Wish : Not 3Where stories live. Discover now