Chapter_1.2

202 31 2
                                    

_______________U.N.I.C.O.D.E._________

T/N: This Chapter contains some of the content that viewers may find inappropriate.
Read at your own risk!

အပျိုတော်ရှုံးရွှီက ကိုယ်လုပ်တော်လေးက သူမကိုယ်တိုင် ဖွားမြင်ခဲ့တဲ့ မင်းသားလေးကို သတ်ချင်တယ်ဆိုတာ သိပေမယ့် မင်းသားလေးကို ဒီလို လက်စသတ်လိုက်လို့ မရဘူးဆိုတာ အသိပေးခဲ့သည်။

ဧကရာဇ်ရှန်းကိုယ်တိုင်က သတ်ချင်နေပါစေဦး..မင်းသားလေးသည် အရှင့်သွေးသားစင်စစ်သာဖြစ်သည်။ဧကရာဇ်မသိလိုက်ပါဘဲ မင်းသားလေးကို သတ်လိုက်ပါက အကုန်လုံးသတိထားမိတဲ့တစ်နေ့ ကိုယ်လုပ်တော်လေးရော၊ သူမရဲ့ ဖခင် စစ်သူကြီးရော ဒုက္ခအကြီးအကျယ်ရောက်လိမ့်မည်ဖြစ်သည်။

ဒီကလေးလေးကို သတ်လိုက်တာက ယွေ့ရှန်အတွက် အကောင်းဆုံးဖြစ်ပေမယ့်
ဒီကလေးကို မသတ်လိုက်တာက အကုန်လုံးအတွက် အသက်သာဆုံးဖြစ်ပေလိမ့်မည်။
ဒီကိုယ်လုပ်တော်က အကျည်းတန်မင်းသားလေးကို ဖွားမြင်ခဲ့ပြီး သူ့ရဲ့ဖခင်ဧကရာဇ်ကတောင် ဒီမင်းသားလေးကို မချစ်တဲ့အပြင် အကျည်းတန်မျက်နှာနှင့်လိုက်အောင် ကြောက်ဖို့ကောင်းတဲ့ နာမည်လည်း ပေးခဲ့သေးသည်။

မွေးဖွားပေးခဲ့သည့် အမေကိုယ်တိုင်ကတောင် မချစ်သည့်အပြင်
ဖခင်ရဲ့ မုန်းတီးမှုတွေနဲ့ မွေးဖွားလာခဲ့သည့် မင်းသားလေးသည် အသက်ရှင်နေသည့် ကာလတစ်လျှောက်လုံး ကိုယ်လုပ်တော် ယွေ့ရှန်အတွက် အိမ်မက်ဆိုး တစ်ခုသာဖြစ်သည်။

ဒီလိုနဲ့ ဟွမ်းဖူကျဲလေးက နန်းတော်ထဲမှာပဲ ကြီးပြင်းခဲ့ပေမယ့် ဘယ်သူမှ အချစ်မခံရတဲ့ မင်းသားလေးတစ်ပါးသာဖြစ်သည်။
အသက်ရှင်တယ်ဆိုရုံလေး အသက်ရှင်ခဲ့တဲ့ မင်းသားလေးသည်
သူ့မိခင်ရဲ့ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ အကြည့်တွေ၊
ဖခင်ရဲ့ လျစ်လျူရှု့မှုတွေ၊
သူ့ဖခင်ရဲ့ ကိုယ်လုပ်တော်တွေ၊ အခြွေအရံတွေ၊ သားသမီးတွေရဲ့ အကြည့်တွေအောက်မှာ တဖြည်းဖြည်းကြီးပြင်းလာခဲ့သည်။

ဟွမ်းဖူကျဲလေးရဲ့ ဘဝက ပြန်တွေးလိုက်တာနှင့်တောင် ဝမ်းနည်းစရာကောင်းတယ်ဆိုပေမယ့် ငယ်ရွယ်သေးတဲ့ မင်းသားလေးက ဝမ်းနည်းတယ်ဆိုတာ ဘာကို ပြောချင်မှန်း​တောင် မသိတတ်သေးဘူး။

The Ugly Emperor[Myanmar Translation]Where stories live. Discover now