ME - 2

4K 287 20
                                    

• YIBO's POV •

[ အချစ်ကြီးသောအီမီဂါ နှင့် မာနကြီးသောအယ်လ်ဖာတို့ရဲ့ဇာတ်လမ်း ]

----ခုနှစ် , ခုနှစ်လပိုင်း , နှစ်ဆယ့်ငါးရက်။

အဆက်မပြတ်ရွာသွန်းနေသောမိုးရေတွေကြားထဲ ရှိနေသောလူနှစ်ယောက်။

"ခင်ဗျားကဘာမို့လို့ ဆွဲခေါ်လာရတာလဲ "

"ကိုယ်မင်းကိုချစ်တယ် "

"ဘာ ရူးနေတာလား ခင်ဗျားကိုသိတောင်မသိဘူး "

"ကိုယ်ကမင်းကိုသိတယ်လေ ပြီးတော့ မင်းကိုချစ်တယ် ကိုယ်နဲ့တွဲပါ"

မိုးရေတွေနဲ့အပြိုင် ထိုလူ့မျက်နှာထက်စီးကျနေတဲ့မျက်ရည်တွေအား ရိပေါ်ရိပ်မိခြင်းမရှိခဲ့ပေ။

"ခင်ဗျားကို မသိတာမို့လို့ ထပ်ပြီးလာမပတ်သတ်ပါနဲ့"

သည်းနေတဲ့မိုးတွေကြား အကာအကွယ်မဲ့စွာပြေးထွက်လာခဲ့သည်။
အဲ့အချိန်ကတည်းက ခင်ဗျားကိုလက်ခံခဲ့ရမှာ။

နောက်ဆုံးနှစ်ကျောင်းသားဖြစ်သော ရိပေါ်တစ်ယောက်ဘီတာမိန်းကလေးနဲ့ စကားပြောနေရင်း သူ့လက်အားဇွတ်တရွတ်ဆွဲသွားသော လူကြောင့် အများသူငါအပြစ်ပြောတာခံခဲ့ရသည်။

Dominant Alpha တစ်ယောက်က အိုမီဂါတစ်ယောက်လို ဆွဲလားရမ်းလားခံရခြင်းဟူသော နာမည်ဖြင့် အပြောခံရခြင်းပင်။

ဘာမဟုတ်တဲ့စကားလေးကြောင့် စောက်အရေးမပါတဲ့မာနတွေဖြစ်တည်လာမယ်လို့ ကျွန်တော်မထင်ခဲ့တာပါ။

ထိုနေ့ကစပြီး သူသွားလေရာတွင် ထိုလူအားအမြဲလိုလိုတွေ့ရသည်။ သူကျောင်းလာသည့်အချိန်တွင် အဆောင်ရှေ့စောင့်နေကာ မနက်စာဝယ်ပေးထားတာမျိုး ၊ ဗိုက်ဆာသည့်အခါစားချင်သည့်အရာများ ဝယ်ပေးတာမျိုး ၊ သွားချင်သည့်နေရာမှန်သမျှလိုက်ပို့တာမျိုး ၊ သို့ပေမဲ့သူကပြုစုယုယတာကို လိုအပ်တဲ့အိုမီဂါတစ်ယောက်မဟုတ်ခဲ့ပေ။

ထိုလူမှာ မိမိထက်အဆင့်အတန်းမြင့်သည့်အီမီဂါ တစ်ယောက်ဖြစ်မှန်းသိသည့်တိုင် ထိုလူ့အားလက်ခံပေးဖို့စိတ်ကူးမရှိခဲ့။

My Enigma [ ZhanYi ] [ COMPLETED ]Tempat cerita menjadi hidup. Temukan sekarang