part-8

10K 821 71
                                    


" ပိုင်ဆဲ့ကောကောက ဒီအိမ်မှာ နေတာလားဟင် "

" အင်း ဟုတ်တယ် ဘာလို့လဲ "

"ဟို..ဘာမှမဟုတ်ပါဘူး တစ်ယောက်တည်းဆိုတော့ မကြောက်ဘူးလားလို့ ညတွေမှာ "

ထိုလူသားလေးက ကြောက်တတ်တာ ထင်တယ်။
ပိုင်ဆဲ့က ပြုံးပြီး

" မကြောက်ပါဘူး ကျွန်တော်က အမြဲတမ်း တစ်ယောက်တည်းနေလာတာမလို့ ကျင့်သားရနေပြီ "

"အာ..... "

တဲအိမ်လေးရောက်လာခဲ့တာ ညရောက်နေပြီမို့
သူရှာထားခဲ့သော ထင်းတွေကို သယ်လာကာ ရှောင်းကျန့်ကို အပူပေးဖို့ မီးပုံလုပ်ပေးနေတယ်။

ဆောင်းရာသီဝင် မဟုတ်သေးပေမဲ့ အေးသည့် အငွေ့အသက်လေး ရှိနေတော့  ရှောင်းကျန့်ဟာ လက်နှစ်ခုကို ပူးပြီး ပွက်၍ နွေးအောင် လုပ်နေခဲ့တယ်။

" အရမ်းအေးနေရောပေါ့ ကျွန်တော် မီးပုံလေး လုပ်ထာတယ် ဒီမှာ လာနေလာ "

" ဟုတ်ကဲ့ "

ရှောင်းကျန့်ကို မီးအနားမှာ ရှိစေပြီး ပိုင်ဆဲ့က တဲအိမ်ထဲ ၀င်သွားတယ်။ ရှောင်းကျန့်အိပ်ဖို့ နေရာပြင်ဆင်ဖို့ပါပဲ။
သူက တစ်ကိုယ်တည်းမို့ အ၀တ်အထည်၊အစတွေ သိပ်မရှိလှ ။ ဒီညဖို့လဲ စားစရာက မရှာထားခဲ့မိဘူး ။ သူတို့နှစ်ယောက်ကတော့ သစ်သီးတွေနဲ့ နပမ်းလုံးရတော့မယ်ထင်။

အားလုံးပြင်ဆင်ပြီးကားမှ စားဖို့ သစ်သီးအနည်းငယ်နှင့် ခြုံစရာ စောင်တစ်ထည်ကို ယူလာပြီး  ရှောင်းကျန့်အနားသို့။

" အိပ်တောင် ပျော်သွားပြီပေါ့ ဘာမှတောင် မစားရသေးတာကို "

သစ်တုံးကြီးပေါ်တွင် မှီပြီး အိပ်နေသော ထိုလူသားလေးရယ်ပါ။

လက်တွင် စောင်ကို ရှောင်းကျန့်ကို ခြုံစေပြီး အိပ်ပျော်နေသော ကိုယ်ကို ချီမကာ ကုတင်ပေါ် ဖြေးဖြေးချင်း ချပေးလိုက်သည်။

" တကယ် ပင်ပန်းနေတယ် ထင်တယ် အိပ်နေတာ တစ်စက်မှ မလှုပ်ဘူး "

စောင်ကို ရင်ဘတ်အထက်ထိ ခြုံပေးလိုက်ပြီး အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို ငေးကြည့်နေခဲ့မိတယ်။
ကြည်လင်တောက်ပနေတဲ့ မျက်နှာလေး ၊ မျက်ခုံးအနက်ရောက် ၊ နာတံဆင်းဆင်း ၊ နှုတ်ခမ်းဖူးဖူး ၊
လှပတာထက် ပိုတယ် ၊ နောက်ထပ် နှုတ်ခမ်းအောက် မှဲ့ကလေးက ထိုအလှတရားတွေကို ပိုပေါ်လွှင်စေတယ်။
နဖူးပေါ်က ၀ဲကျနေတဲ့ ဆံပင်ကို သပ်ပေးလိုက်တော့

🔞𝐑𝐨𝐮𝐠𝐡𝐧𝐞𝐬𝐬 𝐭𝐡𝐚𝐭 𝐢𝐬𝐧'𝐭 𝐆𝐞𝐧𝐭𝐥𝐞🔞(𝐙𝐆,𝐔𝐧𝐢)Where stories live. Discover now