Part-16⚠️⚠️⚠️

13.4K 738 74
                                    


ဝမ်ရယ်..အဲ .မဟုတ်ဘူး..ဦးရီးတော် စီဖုန်းကို
ရှောင်းကျန့် ငြင်းသွားပြီးး နေ့ကစ၍
စီဖုန်းက..ရှောင်းကျန့်စီ မလာတော့ချေ။
မလာတာပဲ..ကောင်းပါတယ်..မုန်း၍တော့မဟုတ်..
သူလဲ သူ့အိမ်သူ့ယာနဲ့ ဖြစ်နေပြီ..ကိုယ်ကလဲ..ဧကရီတစ်ပါးဖြစ်နေသောကြောင့်...

ဟူး..လောကကြီးက ပြောင်းလဲ ကုန်တယ်..
မပြောင်းသေးတာက..သူနဲ့အရှင့်ကြားက ပတ်သက်မှုပဲ။

" ဧကရီ..သက်ပျင်းတွေ ချနေပါလား.. "

" လျိုမေ? ..ဘယ်လိုလုပ် ရောက်လာတာလဲ "

" ဧကရီပဲ..အတွေးတွေထဲ နစ်မျော်နေတာကို..ကျွန်တော်လာတာ မမြင်ဘူးဆိုတော့ ...မဟုတ်မှလွှဲ..အစ်ကိုတော်အကြောင်းတွေး... "

" တော်တော်..လျိုမေ..နောက်ထပ် ဟိုလူအကြောင်းပြောမယ်ဆို မင်းပြန်တော့ "

ဝမ်လျိုမေက ရယ်တယ် ။

လျိုမေနှင့် ရှောင်းကျန့်က..သူငယ်ချင်း စလုပ်တဲ့ကနေ..သူတို့နှစ်ယောက်..အရမ်းကို ရင်းနှီးသွားကြသည်။

မထင်မိဘူး..ယောင်္ကျားဆန်..ရုပ်တည်တဲ့..၀မ်ရိပေါ်ရဲ့ညီမ..၀မ်လျိုမေက အရမ်းခင်ဖို့ ကောင်းမယ်လို့...

" ကဲ..ပြောပါဦး... လာရင်း ကိစ္စ "

ရှောင်းကျန့်က စကားစလာတော့..လျိုမေက..ရှောင်းကျန့်နားသွားကာ..

" ဒီလို..မနက်ဖြန်မှာ..ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့ လူတွေကို..လက်ဆောင်နဲ့တကွ..ပူဇော်ရတယ်..
ဧကရီတွေကတော့..လူကြီးတွေ ပြီးရင်..ကိုယ့်ယောင်္ကျားကို...
အစားအသောက်နဲ့ ဆက်သရတာ.. "

ဘာတုန်းးဟ..ငါနန်းတော်ကို ရောက်လာတာ နှစ်တွေအကြာကြီး ရှိနေပြီ..ဘာလို့ ဒီလို ဓလေ့ကို မကြားဖူးတာလဲ..

" ကြောင်ကြည့်မနေနဲ့..ရှောင်းကျန့်..
ရှောင်းကျန့်ကိုယ်တိုင် ဧကရာဇ်ကို အစားအစာတွေနဲ့ ပြုစုရမယ်.. ပြီးရင်..အတူတူ သုံးဆောင်ရမှာ.."

" အမ်..ငါက.? .."

" အင်း..ဟုတ်တယ်..ဒါက..
လုပ်နေကျ.ဖြစ်စဉ်ပါဟာ.. အဲ့ကြောင့်.မနက်ဖြန်ကနေ..စမယ်နော်..ပြင်စင်ထားတော့ "

" အဲ..အဲ.လျိုမေ..လျိုမေ ! မပြန်နဲ့ဦး..အိုက်ယား... "

မြန်သလား မမေးနဲ့..လျိုမေက မျောက်မလိုပဲ ။

🔞𝐑𝐨𝐮𝐠𝐡𝐧𝐞𝐬𝐬 𝐭𝐡𝐚𝐭 𝐢𝐬𝐧'𝐭 𝐆𝐞𝐧𝐭𝐥𝐞🔞(𝐙𝐆,𝐔𝐧𝐢)Dove le storie prendono vita. Scoprilo ora