part-10

11.4K 871 91
                                    


' လီအန်းကောကောက ညအိပ်ရင်လဲ မျက်နှာဖုံးချွတ်ထားလေ့မရှိဘူး.. ကောရဲ့မျက်နှာကို ငါမြင်ဖူးချင်လိုက်တာ ..စိတ်ထားကောင်းတဲ့ကောက ဘာလို့ လျို့ဝှက်ချက်တွေ ရှိနေတာလဲ..ငါကြည့်လိုက်ရင် ကောင်းမလား ´

ရှောင်းကျန့် သိချင်စိတ်က ပြင်းပြနေတော့ဝယ် သူ့လက်က လီအန်းမျက်နှာစီသို့ ရောက်နေပြီ။

မျက်နှာကို မြင်ရမှာဖြစ်တာကြောင့်
သူစိတ်တွေလည်း လှုပ်ရှားနေမိသည် ။

အိပ်နေသူက တုတ်တုတ်မျှမလှုပ်။
နောက်ဆုံးတော့ မျက်နှာဖုံးကို ဖယ်နိုင်ခဲ့ပြီလေ။

မျက်နှာကို မြင်သွားတဲ့အချိန်မှာ လက်ထဲက မျက်နှာဖုံးဟာ မြေခခဲ့ရပြီ။

"မ.မဟုတ်ဘူး မဖြစ်နိုင်တာ "

ရှောင်းကျန့်မှာ မထင်မှတ်ပဲ ဖြစ်သွားတဲ့ အရာအားလုံးကို ပြန်စဉ်းစားရင်  ကြမ်းပြင်အောက် ဘုတ်ခနဲမြည်အောင် ထိုင်ချလိုက်မိတယ်။

"ဘယ်လိုလဲ ကိုယ့်မျက်နှာမြင်သွားတော့ "

~ဟင်~

သူမအိပ်နေဘူးပေါ့

"ဘယ်..ဘယ်ကတည်းက နိုးနေတာလဲ "

"ဟက် ခဏကမှပါ သိသွားတော့ ဘယ်လိုခံစားရလဲ "

" ဘာလို့ .. ဘာလို့ ကျွန်တော့ကို "

သူဘယ်လောက်တောင် လီအန်းကို သံယောဇဉ်တွယ်ခဲ့မိလဲ အစ်ကိုတစ်ယောက်လိုရော အားကိုးခဲ့မိပါတယ်။ ( ခဲ့မိပါတယ် အစ်ကိုတစ်ယောက်လို နောက်ထပ်ရော :3 )

" ကိုယ့်ဧကရီက ပျောက်နေတော့ ကိုယ်က ဘယ်လိုလုပ် ငြိမ်နိုင်မှာလဲ "

" အဲ့ကြောင့် လီအန်းဆိုပြီး
ဟန်ဆောင်ခဲ့တာပေါ့ ဘာလို့လဲ ! "

သူစိတ်ထိန်းနိုင်စွမ်းမရှိတော့ ကျစ်ကျစ်ပါအောင်  ကိုင်ထားတဲ့ မျက်နှာဖုံးလေးဟာ သူ့လက်ကို စူးနစ်ဝင်နေတာတောင် နာတယ်လို့ မခံစားရတော့ပေ။
အလိမ်ခံရတာနဲ့ ဟန်ဆောင်ခြင်းက အခံပြင်းဆုံးဆိုတာ သူကောင်းကောင်းခံလိုက်ရတယ်။
ရှောင်းကျန့်ဟာ  ငိုသည်။

" လိမ်တယ် တစ်လောကလုံး
ကျွန်တော့ကို လှည့်စားကြတယ် "

~လီအန်းကောကောက ခင်ဗျားမဟုတ်ဘူး ~
~လီအန်းကောကောက ကျွန်တော့ကို တစ်ယောက်တည်း မထားသွားဘူး ~
~လီးအန်းကောကောက ကျွန်တော့ကို စိတ်ပူတတ်တာ~

🔞𝐑𝐨𝐮𝐠𝐡𝐧𝐞𝐬𝐬 𝐭𝐡𝐚𝐭 𝐢𝐬𝐧'𝐭 𝐆𝐞𝐧𝐭𝐥𝐞🔞(𝐙𝐆,𝐔𝐧𝐢)Where stories live. Discover now