အပိုင်း (၁၃) - နေရာမှာပင် ထိတ်လန့်သွားခြင်း|

8.7K 1.7K 34
                                    

Unicode

"ကျီယန်...စတုတ္ထအဒေါ် ကြားရသလောက် မင်းက ရွာသားတွေရဲ့ အ​ကြွေးစာရင်း အားလုံးကို ပြန်ပေးတော့မလို့ဆို...အဲ့တာ အမှန်ပဲလား?"

သုံးရက်တာ အတွင်း၌ အန်းချန်ဖူ၏ ဇနီးသုံးယောက်သည် သတင်းကို ကြားလိုက်သည်နှင့် ချက်ချင်းပင် အပြေးအလွှား ရောက်လာကြ၏။ပထမဆုံး စကားလာပြောသူမှာတော့ ကလေးလည်းမရှိသလို အန်းမိသားစုအတွင်း သူမနေရာတည်မြဲဖို့ရာအတွက် အန်းကျီယန်အပေါ်၌သာ မှီခိုနေရမည့် ဝမ်ချင်းလန် ပင်ဖြစ်သည်။

သတင်းကြားလိုက်ရချိန်၌ ယုံကြည်မှုကို ကျော်လွန်၍ သူမပင် တုန်လှုပ်သွားရသည်။ သူမက ငွေစာရင်းအားလုံးတန်ဖိုးကို သေချာမသိသော်ငြား အလွန် များပြားသည့်ငွေပမာဏ ဖြစ်လိမ့်မည်ကိုတော့ သိရှိပေသည်။ သူတို့အားလုံးကို အန်းယွမ်စီရင်စုရှိ လယ်သမားများကိုသာ ပြန်ပေးလိုက်မည်ဆိုလျှင် ကြီးမားသည့် ဆုံးရှုံးမှုကြီး ဖြစ်လာမည်ဖြစ်သည်။ လယ်သမားများ၏ အကျိုးအမြတ်ထံမှ ရရှိမည့်ငွေကြေးမှာလည်း အန်းမိသားစုအတွက် အတော်လေး နည်းပါးသွားတော့မည်ပင်။

ဖန်ကျန်းပင်နှင့် ကျန်းပိတို့မှာလည်း သူမနှင့်အတူ စာကြည့်ခန်းထဲသို့ လိုက်လာကြ၏။ သူတို့အားလုံးမှာ မသက်မသာ ခံစားနေကြရသည်။ အန်းမိသားစု၏ ကိုယ်လုပ်တော်များ အနေဖြင့် လူအိုကြီး အသက်ရှိစဥ်က ထိုအကြွေးစာရင်းများကို မည်မျှတန်ဖိုးထားသည်အား သိရှိထားကြပေ၏။

အခု အန်းကျီယန်က အကြွေးစာရင်းများအားလုံးကို လယ်သမားများဆီ ပြန်ပေးချင်နေတယ်ဆိုတော့ သူက အန်းမိသားစုကို ဒါနလုပ်နေတယ်များ ထင်နေတာလား? လုံးဝ လုံးဝကြီးကို ရူးနေပြီပဲ!

အန်းကျီယန်က သူတို့ကို အေးစက်စက် ကြည့်လိုက်သည်။ သူ့မျက်လုံးများက သူတို့အားလုံးကို  သူတို့ရဲ့ မျက်နှာအမူအရာတစ်ခုကိုမှ မလွတ်စေရအောင် စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူတိူ့က ဘာမျှမပြောလျှင်ပင် သူက သူတို့၏ အတွေးများကို မြင်နေရ၏။ သူက မျက်လွှာကိုချလိုက်ကာ သူ့ရဲ့အသံတွင်တုန်ခါခြင်းတစ်ချက်မှ မပါလေဘဲ ပြောလိုက်သည်။

The Big Landlord(MM Translation)Where stories live. Discover now