Unicode
သူတို့ ငှားရမ်းထားသည့် အိမ်တော်ဝန်းထဲသို့ ပြန်လာပြီးနောက် သခင်ရော အစေခံပါ စကားမပြောကြပါချေ။
အန်းကျီယန်က သူ့ကိုယ်သူ စာကြည့်ခန်းထဲတွင် ပိတ်လှောင်ထားပြီး အပြင်ထွက်မလာတော့ချေ။ သူက ဖူဝူထျန်း နှင့် ပြောခဲ့သော စကားများအကြောင်း ကို စဥ်းစားနေလေ၏။ သူ့အနေဖြင့် သေချာသည်မှာ အန်းယွီကျီးကို ဖူမိသားစု ထဲသို့ ကိုယ်လုပ်တော် အဖြစ် လက်ထပ်ခွင့် မပြုနိုင်ပါပေ။
ယေဘုယျအားဖြင့် ကိုယ်လုပ်တော်၏ အဆင့်အတန်း မှာ မမြင့်မားလှပါပေ။ လက်ထပ်ပြီးသည့်နောက်တွင် ကိုယ်လုပ်တော်တစ်ယောက်က အိမ်တော်မှ ထွက်ခွာခွင့် မရှိတော့ပါချေ။ ဒါ့အပြင် သူတို့က အင်ပါယာမိသားစုမှ သို့မဟုတ် လွှမ်းမိုးနိုင်စွမ်းရှိသော မိသားစုများမှ ကျင်းပသော ပွဲတော်များကဲ့သို့ ပွဲတော်ပေါင်း မြောက်များစွာအား တက်ရောက်ခွင့် မရှိတော့ပေ။ အဓိကအချက်မှာ သူတို့က အမည်အရသာ ဇနီးဖြစ်သော်ငြား အကျိုးအမြတ် သိပ်မရှိချေ။
သူ့ရဲ့ မူလရည်ရွယ်ချက်မှာ အန်းမိသားစုအတွက် နောက်ခံရှာဖွေလို၍ ဖြစ်သော်ငြား အန်းမိသားစု၏ အကျိုးအမြတ်အတွက် သူ့ညီမဘဝ၏ ပျော်ရွှင်မှုကို ပြောင်းလဲပစ်ရလောက်သည်အထိ သူက သွေးအေးရက်စက်မနေပါပေ။ ယခု သူမက သူ့၏ မိသားစုဝင် ဖြစ်နေသည်မို့ အနည်းနဲ့အများ သူမအတွက် တာဝန်ရှိပေသည်။
"ဒေါက် ဒေါက်"
စာကြည့်ခန်း တံခါးကို လာခေါက်သံ ထွက်ပေါ်လာ၏။ အိမ်တော်ထိန်းဆု က အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ဝင်လာလေ၏။
အန်းကျီယန်က ကြည့်လိုက်လေပြီး...
"ဘာကိစ္စလဲ?"
အိမ်တော်ထိန်းဆု က အကူအညီမဲ့နေဟန်ဖြင့် ပြောလာတော့သည်။
"သခင်လေး...သခင်မလေးက သခင်လေးကို တစ်ခုခုပြောစရာရှိလို့ပါတဲ့။ သူမက အပြင်က ခြံဝန်းထဲမှာ စောင့်နေပါတယ်"
အန်းကျီယန်က ခဏမျှ တိတ်ဆိတ်သွားကာ...
"သူမကို အထဲဝင်ခိုင်းလိုက်ပါ"
YOU ARE READING
The Big Landlord(MM Translation)
Historical Fictionသူသည် မာနထောင်လွှားပြီး မောက်မာဝံ့ကြွားလှသည့် အန်းမိသားစု၏ သခင်လေး အန်းကျီယန် ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့၏။ သူကြုံတွေ့လိုက်ရသည့် ပထမဆုံး ပြဿနာမှာကား အန်းကျီယန်သည် ပေါင် ၂၀၀ ကြီးများတောင် ဝတုတ်နေခြင်းပင်! "ထိုလူ ကပြောသည်...သူ့ကို မကြာခင် လွှတ်ပေးပါမည...