Unicode
သူတို့အိမ်တော်ဝန်းအတွင်း ပြန်ရောက်ချိန်မှာတော့ နေလည်ပင် ရောက်နေပြီ ဖြစ်သည်။
အန်းကျီယန် က အန်းယွီကျီး ၏ ကျန်းမာရေးအကြောင်းကို မေးမြန်းဖို့ရန် ချိုးလန်ကို ခေါ်လိုက်လေ၏။
"သခင်လေး...ဒီမနက်မှာ သခင်မလေးက ထူးကဲတဲ့ စားသောက်ချင်စိတ်ရှိလာပြီး ယာဂုနှစ်ပန်းကန် စားလိုက်ပါတယ်"
ဒါက ချိုးလန် ပြန်ပြောခြင်း ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ရက်စျေးဝယ်ထွက်ပြီး ပြန်လာကတည်းက သခင်မလေး၏ အသားအရည်အရောင်မှာ ဖြူရော်နေပေ၏။ သူမ၏ စားသောက်ချင်စိတ်မှာလည်း ပုံမှန်ထက် နည်းလာသည်။ မနေ့ညက ညစာအတွက် ဆန်ပြုတ်တစ်ခွက်သာ သုံးဆောင်ခဲ့ပါ၏။
အန်းကျီယန် က ရိုးရိုးပဲ မေးလိုက်ခြင်းဖြစ်သော်ငြား မမျှော်လင့်ထားသော အဖြေကို ပြန်ရခဲ့လေသည်။ ခြံဝန်းထဲသို့ လျှောက်နေသည့် သူ့ခြေလှမ်းများမှာ တုန့်ဆိုင်းသွားရ၏။ မရှင်းလင်းလှသည့် အမူအရာဖြင့် သူက မေးလိုက်လေသည်။
"ဒီမနက် မင်းရဲ့ သခင်မလေး ကို သွားဖိတ်တုန်းက သူမရဲ့ အသားအရည်က ဘယ်လိုမျိုးလဲ?"
ချိုးလန် က ခဏမျှ စဥ်းစားလိုက်လေပြီး...
"သူမကို ကြည့်ရတာ နေကောင်းနေသလိုပါပဲ။ သူမရဲ့ ပါးပြင်နှစ်ဖက်မှာဆို အနီရောင်သန်းနေပါသေးတယ်။ အရင်နှစ်ရက်ကလို ဖြူဖျော့မနေတော့ဘူး။ ဒါကြောင့်မိုလို့ ဒီအစေခံက မီးဖိုချောင်ကို ယာဂုပိုကြိုခိုင်းလိုက်ပါတယ်။ သခင်မလေးက ဘာမှမပြောပါဘူး။ အရင်နှစ်ရက်တုန်းကလို သူမက တောင့်ခံမနေဘဲ ယာဂုနှစ်ခွက်သောက်လိုက်ပါတယ်"
အန်းကျီယန် က ခေါင်းငြိမ့်ပြ၏။
"ဒါအကုန်ပဲဆို မင်းသွားလို့ရပြီ"
ချိုးလန် က လှည့်ပြီး ထွက်သွားလိုက်သည်။
နေ့လည်စာ စားပြီးနောက် အန်းကျီယန် က စာကြည့်ခန်းထဲသို့ ပြန်သွားလေသည်။ အိမ်တော်ထိန်းဆု က အထဲတွင် တိတ်ဆိတ်စွာ သူ့အား စောင့်နေလေ၏။ အန်းကျီယန် ရဲ့ စိတ်အခြေအနေ ကို နားလည်ခြင်းမရှိပါဘဲ သူက ပြောလိုက်၏။
YOU ARE READING
The Big Landlord(MM Translation)
Historical Fictionသူသည် မာနထောင်လွှားပြီး မောက်မာဝံ့ကြွားလှသည့် အန်းမိသားစု၏ သခင်လေး အန်းကျီယန် ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့၏။ သူကြုံတွေ့လိုက်ရသည့် ပထမဆုံး ပြဿနာမှာကား အန်းကျီယန်သည် ပေါင် ၂၀၀ ကြီးများတောင် ဝတုတ်နေခြင်းပင်! "ထိုလူ ကပြောသည်...သူ့ကို မကြာခင် လွှတ်ပေးပါမည...