Chapter 83 ( Trapped )

683 56 2
                                    

Unicode Version

တိတ်ဆိတ်အေးချမ်းတဲ့ ညစံတော်ချိန် ရှစ်နာရီ....

စုယွမ် လက်မှာပတ်ထားတဲ့ နာရီ ကို တချက် ငုံကြည့်လိုက်ရင်း .. သက်ပြင်းအလိုလိုချနေမိတော့တယ်။ ကုမ္ပဏီအတွက်လိုအပ်တဲ့ လူတော်တစ်ယောက်ကို လက်လွတ်အဆုံးရူံးမခံချင်တာကြောင့် တရားဥပဒေထက် မိတ်ဆွေအချင်းချင်းမှာ ထားရှိခဲ့တဲ့ သံယောဇဥ် ကိုရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် ချင်းယွီရှောင်တစ်ယောက် ဒီနေ့ပွဲ တတ်ရောက်ပါစေလို့ တိတ်တိတ်လေး ဆုတောင်းနေတယ်။

အခန်းထဲမှာ ဧည့်သည်တော်တွေ တော်တော်များများစုံစုံလင်လင် ရောက်ရှိနေပြီဖြစ်တာကြောင့်DJ တေးဂီတ သံ က တဖြည်းဖြည်း ငြင်သာစွာရပ်တန့်သွားတယ်။ အစီအစဥ်တင်ဆက်သူတွေဖြစ်တဲ့ စုယွမ်နဲ့ လုမင်ဟန့်တို့နှစ်ယောက် စင်ပေါ်ကို တတ်ရောက်လာခဲ့တယ်။

သူငယ်ချင်းနှစ်ယောက် စင်မြင့်အလယ်မှာ .နေရာယူလိုက်ရင်း အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း ကြေငြာလိုက်တော့တယ်။ စုယွမ်၀တ်ထားတဲ့ အနီရောင် slip dress နဲ့ လိုက်ဖက်ညီအောင်.. လုမင်ဟန့်က အနီရောင် အနောက်တိုင်း၀တ်စုံကို အနက်ရောင် နက်ကတိုင်နဲ့ တွဲဖက်၀တ်ဆင်ထားတယ်။

စုယွမ် စင်ပေါ်ကို ရောက်ကတည်းက လူတစ်ယောက်ကို အသည်းအသန်လိုက်ရှာနေတယ်။ ဆလိုက် မီးရောင်စုံ တွေကြားထဲမှာ အောက်မှာ ထိုင်နေကြတဲ့ ဧည့်သည်တွေကို သေချာလှမ်းမမြင်ရပေမဲ့ ..စင်အောက်မှာရပ်နေတဲ့ အကိုရီဆီကအချက်ပြတာကို လှမ်းမြင်လိုက်ရတဲ့ ခန သူမနှစ်ခြိုက်စွာပြုံးမိသွားတယ်။

လုမင်ဟန့် Company Profile ကို တင်ဆက်ပြသနေတုန်းမှာ စုယွမ်က သူမလက်ထဲမှာကိုင်ထာားတဲ့ စာရွက်ကို တချက်ငုံ့ကြည့်ရင်း နည်းပညာရှင်တွေထိုင်နေတဲ့ စားပွဲ ဘက်ခြမ်းကို အကြည့်ရောက်သွားတယ်။ စားပွဲ၀ိုင်းအလည်တည့်တည့် မှာထိုင်ပြီး သူမကို ပြုံးပြီး စိုက်ကြည့် နေတဲ့ ချင်းယွီရှောင်ကို တွေ့လိုက်ရတဲ့ ခန သူမအရမ်းပျော်သွားပြီး ပါးချိုင့်သေးသေးလေးတွေ ပေါ်လာတဲ့အထိပြုံးမိသွားတယ်။ သူ့ကို စိုက်ကြည့်နေရင်း မိုက်ခရိုဖုန်း ကိုင်ထားတဲ့ လက် တစ်ဖက်ကနေ ဝှေ့ယမ်းပြလိုက်တယ်။

Be My Summer (Arc 1) {Book 1}Tempat cerita menjadi hidup. Temukan sekarang