Yours (22)

3K 394 22
                                    

"အဲ့တာဆို အကိုတို့က ချစ်သူတွေဖြစ်သွားပြီပေါ့"

ဒေါ်စံပယ်၏ အသံသည် လိုတာထက်ပို၍ကျယ်နေသည်။ထို့နောက်တွင် ထိုင်ရာမှ ထရပ်နေသည်။မျက်လုံးဆိုသည်က လည်း ပြူးလို့ပေါ့....

"ဒါပေါ့....."

"ကျောင်းစဖွင့်တဲ့နေ့မှာ ဖွင့်ပြောတာ..."

"အင်းပေါ့..."

"အလင်းကလည်း နင့်ကိုချစ်တယ်.."

"အသေအချာပေါ့"

ပီတိ၏မျက်နှာသည် ပြုံးဖြီးလို့နေသည်....ဒေါ်စံပယ်ကတော့ အခုထိမယုံနိုင်စွာပင်မေးခွန်းများကိုမေးနေလျက်ရှိသည်။တကယ်လည်း ယုံစရာလားလေ။

"ခဏ... ခဏ ..ပီတိ..."
ဒေါ်စံပယ်သည် ပီတိနှင့်ဆန့်ကျင်ဘက်သို့လှည့်လိုက်လေသည်။ ထို့နောက် သူမ၏ဦးနှောက်အား အပြင်းအထန်ကိုအလုပ်ပေးနေသည်။အလင်းက ပီတိကိုချစ်တယ်လို့ ဖွင့်ပြောသော ကိစ္စသည် ဒေါ်စံပယ်အတွက်တော့ ယုံရခက်သည့်ကိစ္စပင်....ဒါပေမဲ့လည်း ပီတိ၏ ပုံက အတည်ပြောနေသည်ဖြစ်တာမို့ ဒေါ်စံပယ်သည် သူမမွေးထားသော သား၏ကောင်းကွက်များကို အသဲအသန်ပင်စဥ်းစားနေလေသည်။

"အကိုကောင်းက အကိုအားထစ်ကို ချစ်တယ်လို့ပြောတာတယ်...ဒါကလည်း တက္ကသိုလ်စတတ်တဲ့နေ့မှာ..အကိုအားထစ် အယ် ပီတိနဲ့အလင်းလို့ပြောရမှာပေါ့.....၊ပီတိမှာ ဘယ်နေရာများ ချစ်စရာတကွက်ရှိလို့..အကိုကောင်း....အာ...အလင်းဟ"

ပွစိပွစိလုပ်နေသော မိခင်ကိုကြည့်ကာ ပီတိခေါင်းသာယမ်းနေလိုက်သည်။ကိုယ့်သားကိုယ် အမွှန်းတင်လွန်းတဲ့ မိခင်နဲ့တွေ့ရတာက ပီတိ၏ဒီဘဝအတွက်တော့.....စိတ်ပျက်စရာပင်။တကယ်ဆို သူမမွေးထားတဲ့သားမဟုတ်လား...ပီတိက၊ကိုယ့်သားကိုယ်တော့ နဲနဲလောက်ဖြစ်ဖြစ် အကောင်းမြင်ပေးရမယ်မဟုတ်လား။

ရီးစားထားလို့ သဘောမတူဘူး ဆိုရင်တောင်မှ ကိုယ့်သားဘက်ကနာပြီးအဲ့လိုလုပ်ရမှာလေ...အခုဟာက ပီတိကပဲ အလင်းနဲ့မတူသလိုလိုမတန်သလိုလို တွေးနေသည်။တွေးတဲ့သူကလည်း တခြားသူမဟုတ်ပေ...ပီတိကို မွေးထားတဲ့ အမေကိုယ်တိုင်ပင်။

Yours (Completed)Where stories live. Discover now