Yours (2)

6.1K 678 18
                                    

"ကလေးတွေ ဒီတချိန်စာမေးပွဲဖြေပြီးရင်၊နောက်ဆုံးအချိန်ကို အိမ်ပြန်သွားလို့မရဘူးနော်...ကာယချိန်ဆိုတော့ သက်တောင့်သက်သာနေကြ အိမ်မပြန်မသွားနဲ့"

ဒီနေ့ဆို ပီတိတို့ရဲ့စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်။တနေ့ကို စာသင်ချိန်က ၆ချိန်ရှိသည်မို့ မနက်ပိုင်းမှာတစ်ဘာသာ၊ညနေပိုင်းမှာတစ်ဘာသာနှုန်းနဲ့ စားမေးပွဲဖြေတာ ဒီနေ့သုံးရက်မြောက်နေ့ မို့သိပ္ပံဖြေလို့အပြီး နောက်ဆုံးအချိန်ကိုအိမ်ပြန်မသွားရန် ပြောနေခြင်းဖြစ်သည်။

"အလင်း မင်း ဘော့လုံးကန်မှာလား"

"မကန်တော့ဘူး....၊မင်းဖြေရောဖြေနိုင်လား ပီတိ ။
ညကထိမင်းမရသေးတာနော်.."

"ဟကောင်...တိုးတိုးပြောဟ၊ဆရာမမွှေးကြားလို့ ငါ့ကိုရိုက်လိမ့်အုံးမယ်"

"ပီတိရေ...ငါရေးခိုင်းတဲ့စာရပြီလား"

အတန်းခေါင်းဆောင် သတိုးသည် အလင်းတို့နားကို ရောက်လာပြီး...ပီတိအားမေးသည်။

"အေးရပြီ၊ ပိုက်ဆံရော"

"ပါပါတယ်ကွာ..မင်းကလည်း"

ပီတိသည် သူ၏လွယ်အိတ်ထဲသို့ လက်ထဲ့ကာ စာရွက်ကိုရှာလေသည်။

"အားးးး"

ဘေးတွင်ရှိသော အလင်း ပြာသွားရသည်။ပီတိ၏အော်သံနဲ့အတူ မျက်ရည်ကိုပါမြင်လိုက်ရသောကြောင့် ဒီကောင်လေးလွယ်အိတ်ထဲမြွေဝင်နေပြီး ကိုက်လိုက်တာလား ဟုပါတွေးမိသည်။

"ဘာဖြစ်တာလဲ ပီတိ၊ငါ့ကိုပြ.."

ပီတိသည် အလင်းဘက်ကိုလှည့်လာပြီး ....

"အလင်း.....အီိးး....ငါ့လက် "

အလင်းသည် စိတ်ပူစွာဖြင့် ပီတိ၏လက် ကိုင်လိုက်သည်။အထဲတွင်ဘာရှိနေလဲဆိုတာကိုမသိပေမဲ့ သူသိတာက လွယ်အိတ်ထဲတွင် ပီတိ၏လက်ရှိနေသည်ဆိုတာပင်။

အလင်းသည် ပီတိ၏လက်အား အသာဆွဲကာထုတ်ပေးလေသည်။ပီတိတယောက်တော့ ငို၍သာ အလင်းထံသို့ကြည့်နေသည်။

ပီတိလက်အပြင်ကိုရောက်တာနဲ့ လက်ခလယ်မှာစိုက်နေသော ထောက်ဆူးပါတွဲလျက်ပါလာလေသည်။

Yours (Completed)Tempat cerita menjadi hidup. Temukan sekarang