"Hello...အလင်း ၊
မလာသေးဘူးလား....."အလင်းသည် ပီတိဆီက ဖုန်းလာသည့်အချိန်မှ အိပ်ရာကနိုးသည်။မနေ့ညက ပီတိဆီကနေယူလာတဲ့စာအုပ်ကိုဖတ်ပြီး မနက်၂နာရီမှအိပ်ရာဝင်ခဲ့သည်။ထို့ကြောင့် မနက်ကျအိပ်ရာမထနိုင်ခြင်းဖြစ်သည်။
"ပီတိ...sorryကွာ၊ ငါအခုမှ အိပ်ရာနိုးတာ"
"အဲ့တာဆိုမလာတော့ဘူးပေါ့...."
"ညနေကျမှ လာခဲ့မယ်လေ
အခုတောင် ၇နာရီခွဲနေပြီ...၊ငါကျောင်းလည်းသွားရအုံးမှာ""အင်း ပါ....အဲ့တာဆိုလည်း
ဒါပဲနော်""ချစ်တယ်"
ဖုန်းချခါနီး ကြားလိုက်ရတဲ့ အလင်း၏စကားကြောင့် ပီတိသည် စိတ်ဆိုးချင်နေတာတောင်ပျောက်သွားရသည်။ရင်တွေကလည်း အဆက်မပြတ်ခုန်လာသည်မို့ အလင်းကို ဘာမှ ပြန်မပြောတော့ပဲ ပီတိသည် ဖုန်းကိုချလိုက်လေသည်။
"ဒီကောင်ကတော့...."
ပီတိမျက်နှာသည် ပြုံးဖြီးကာပင် နောက်တခါ စောင်ပုံထဲဝင်ခွေလိုက်သည်။ဒီနေ့လည်း ပီတိကျောင်းမသွားသေးပါ၊ ပီတိ ကျောင်းမသွားတာကို အလင်းသိရင် ပြောမှာသိပေမဲ့လည်း ကျောင်းကိုမသွားချင်၊ အခုချိန်မှာကျောင်းသွားတာက တောသားမဟုတ်လား.....သူမသွားချင်ပေ။ပီတိသည် ဖုန်းဂိမ်းတစ်ခုကို အသဲအသန်ဆော့သာနေဆော့နေလိုက်သည်။ ဘာဂိမ်းလဲမေးရင်တော့...ကြောင်ပြေးတဲ့ဂိမ်းပါ...ရထားလမ်းတွေကို မျက်လုံးထဲမြင်ယောင်လာသည်အထိကို အမြင်စွဲသည်အထိ ဆော့လို့ကောင်းသည်။
"ပီတိရေ...ကလေး.."
အပြင်ဘက်က ထူးထူးအသံကြောင့် ပီတိသည် စိတ်မရှည်စွာပင် အခန်းတံခါးကိုဖွင့်ပေးလိုက်သည်။တကယ်ဆို အိပ်ရာထဲမှ အကျအန နေရာယူပြီးမှ ပြန်ထရတာမျိုးက တကယ်စိတ်ပျက်စရာကောင်းသည်။
ဒါပေမဲ့လည်း ဆရာမဖြစ်နေသည်မို့ ပီတိသည် စိတ်ကိုဆွဲဆန့်ထားလိုက်သည်။သူ့ဘဝက ဆရာမတွေရဲ့ အငြိုအငြင်ကို ခံရတဲ့ဇာတာမဟုတ်လား....ဒီဆရာမလေးနဲ့တော့ အဆင်ပြေအောင်ချင်သည်။
" ဟုတ် တီချယ်"
"ကလေး...ကျောင်းမသွားဘူးလား၊
တီချယ် မမြင်လို့"