9 months later...
Shine:" အား..ကိုကိုရေ အမြန်ထပါအုန်း..ဒီမှာမွေးချင်နေပြီနဲ့တူတယ်.. "
ရှိုင်းခန့်သာ၏ မျက်နှာတင်မက ခန္ဓာငိုယ်တစ်ခု လုံးချွေးစေး
များပြန်လျက်ရှိသည်။ရှိုင်း၏ အော်ငြီးသံနှင့် လှုပ်နိုးတာကော
ပေါင်းကာ စစ်သွေးခန့် တယောက်လန့်နိုးလာသည်။Sitt:" ရှိုင်း..ရှိုင်းဘာဖြစ်လို့လဲ.. ဗိုက်နာလို့လား.. "
Shine:" ဟုတ်..တယ် အား..နာလိုက်တာ "
စစ်သွေးခန့် လဲကုတင်ဘေးနားက အရေးပေါ်ခလုတ်ကိုနိုပ်လိုက်တော့ဆရာဝန်များရောက်လာကြသည်။ ဟုတ်ပါစည်..ရှိုင်းခန့်သာကို မွေးဖို့တပတ်အလိုလောက်ကတည်းက ဆေးရုံတွင်တာ ပေးနေခြင်းဖြစ်သည်။
Sitt:" ဟယ်လို..မာမီရေ ရှိုင်းမွေးတော့မယ်တဲ့ အခုခွဲခန်းထဲဝင်သွားပြီ မာမီတို့မြန်မြန်လာခဲ့ပေးပါ။.. "
Sitt's mom:" အေးအေး.. "
စစ်သွေးခန့် လဲ မိဘတွေကို ဖုန်းဆက်ခေါ်ပြီး ခွဲခန်းအရှေ့တွင် အရှေ့လျှောက်လိုက်အနောက်လျှောက်လိုက် ဖြင့်တိုင်ပတ်နေသည်လေ။
ထိုနောက် တွင်တော့ စစ်သွေးခန့် ၏မိဘ များနှင့် ရှိုင်းအမေတို့
ရောက်လာကြသည်။Shine's mom:" သားစစ်လေး ရှိုင်းလေးကခွဲခန်းထဲမှာမလား မေမေတို့တွေ အပြင်ကနေဘဲဆုတောင်းပေးရအောင်လေ လာဒီမှာလာထိုင်နေ.. "
ခဏအကြာတွင်.. ခွဲခန်းထဲမှဆရာဝန်ထွက်လာပြီး..
Dr:" လူနာရှင်ဘယ်သူလဲ.. "
Sitt:" ကျွန်တော်ပါ.. ""
Dr:"" အော်ဟုတ်ကဲ့..လူနာက သားလေးမွေးပါတယ်
ကလေးကော လူကြီးကောကျန်းမာပါတယ် လူနာခန်းကိုပြောင်းရွှေ့ပြီးလျှင် ဝင်လို့ရပါပြီ.. "Sitt:" ဟား..ပျော်လိုက်တာ ငါအဖေဖြစ်ပြီကွ..ကျေးဇူးပါ ဒေါက်တာ "
Dr:" ရပါတယ်..သွားလိုက်ပါအုန်းမယ်.. "
ရှိုင်းခန့်သာကို လူနာခန်းသို့ရွှေ့ပြီးနောက်..
Sitt:" ရှိုင်း.. "
Shine:" ကိုကို..ဒီမှာကြည့်ပါအုန်း..သားလေးက ရှိုင်းနဲ့ပိုတူတယ်နော်.. "