Part💙10💙

352 26 4
                                    

ဘာလိုလိုနဲ့ ကျွန်တော်နဲ့ရှိုင်းခန့်သာ လက်ထက်ထားသည်မှ
သုံးလတောင်ရှိသွားပြီ ကျွန်တော်အခုအရမ်းပျော်တယ် သိလား ဘာကြောင့်လဲဆိုတော့ မနက်တိုင်းမှာ
ကျွန်တော်ချစ်ရသူရဲ့မျက်နှာကိုကြည့်ပြီးနိုးထခွင့်ရတယ်လေ။
နောက်ပြီးကျွန်တော်က အခုဖေ့ဖေ့ကုမ္ပဏီမှာအလုပ်ဝင်နေပြီ
လေဒါကြောင့် ကျွန်တော်အားလပ်ရက်ကျရင်သူနဲ့တူတူ date ဖြစ်တယ် ပတ်ဝန်းကျင်ကလဲလက်ခံတဲ့သူရှိသလို
လက်မခံတဲ့သူလဲရှိကျတာပေါ့ ဒါပေမယ့်ကျွန်တော်ဂရုမစိုက်ဘူး ဟုတ်တယ်လေ ကျွန်တော်လက်ထက်ထားတာ ရှိုင်းခန့်သာနဲ့လေ ပတ်ဝန်းကျင်နဲ့မှမဟုတ်တာ နောက်ပြီးကျွန်တော်တို့ အိမ်ထောင်သက်တမ်း သုံးလအတွင်းမှာ ရှိုင်းနဲ့ ကတောက်ကဆ ဖြစ်တတ်တယ် ဒါပေမယ့်ကျွန်တော့်ဘက်ကအလျှော့ပေးပါတယ် သူ့ကိုလဲနားလည်အောင်ပြန်ရှင်းပြရတာပေါ့ အခုတော့ရေချိုး ရအောင်မည်လေ။

Shine:" ဝါးး..အိပ်လို့ကောင်းလိုက်တာ "
ဟုဆိုကာ သူ့ဘေးကိုစမ်းကြည့်လိုက်တော့ အေးစက်နေသောအိပ်အိပ်ယာပြင်သာ ရှိနေသည်။ထိုအခါမှသူသည်လဲ

Shine:* အော်...ကိုကိုအောက်ဆင်းသွားပြီဖြစ်မယ် ဟုတ်သားဘဲလေ ကျွန်တော်အိပ်ယာထနောက်ကျတာကို ကိုကိုစောင့်နေလျှင် အလုပ်နောက်ကျမှာပေါ့ *

Sitt:" ရှိုင်းနိုးပြီလား... "

Shine:" အင်း..နိုးပြီ ဒါနဲ့ကိုကိုအလုပ်မသွားသေးဘူးလား "

Sitt:" ကိုယ်ဘယ်တုန်းက ရှိုင်းမနိုးသေးတာကို မစောင့်ဘဲနဲ့အလုပ်သွားဖူးလို့လဲ "

Shine:" သိပါတယ်...ရှိုင်းကကိုကို အဲ့လိုပြောတာလေးကြားချင်လို့ မေးတာ "

(A/N-ရှင်အဲ့လောက်ချွဲတတ်မယ်လို့ ကျယ်မ ထင်မထားဘူး)

Sitt:" အင်းပါ...ထတော့နော် ရေချိုးခန်းထဲမှာ ရှိုင်းတိုက်ဖို့် သွားတိုက်ဆေးလဲထည့်ပေးထားတယ် အားလုံးအဆင်သင့်ဘဲ "

Shine:" အဲ့ဒါကြောင့် ငါ့ယောကျာ်းကို ချစ်တာ "

Sitt:" အဲ့လိုမလုပ်ပေးရင် မချစ်ဘူးပေါ့ ဟုတ်လား.. "

Shine:" မဟုတ်ပါဘူး ဘယ်လိုနေနေချစ်ပြီးသား "

Sitt:" ဟုတ်ပါပြီ.. အခုတော့ မျက်နှာသစပြီ်း သွားတိုက်လိုက်အုန်းး "

Between Me and U 💙💙{ COMPLETE }Where stories live. Discover now